💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _2ဖေဖေက သူ့သဘောကရောတဲ့ မေးလာပြီ...သူဘယ်လိုဖြေရမလဲ....
သူ့မှာလက်ထပ်ဖို့ ရည်ရွယ်ပြီးတွဲနေတဲ့ ချစ်သူရှိပါတယ်လို့ ထုတ်ပြောလိုက်ချင်ပေမယ့် မျှော်လင့်တကြီးနဲ့ အားကိုးကာ ကြည့်နေရှာတဲ့
မိဘနှစ်ပါးကြောင့် ပြောချင်သော စကားများက လည်ချောင်းဝမှာတင် တစ်နေလေသည်..."ဘာဖြစ်လို့ ....ရုတ်တရက်ကြီး..... ညီမလေးက ငယ်ပါသေးတယ်"
၂၀ဆိုသောအသက်အရွယ်ကအတော်ကြီးငယ်သေးရုံမက သမီးနုလေးသွယ်လို မိန်းကလေးမျိုးက အိမ်ထောင်ချပေးဖို့ မိဘများအတွက် စိတ်မချနိုင်သောကလေးမျိုးဖြစ်သည်....
သမီးကို တစ်ချို့က နောက်ကွယ်မှာ အရူးမလေးဟု တီးတိုး အတင်းပြောကြသည်..
တချို့ကတော့ ဥာဏ်ရည်မမှီတဲ့ကလေးဟု သတ်မှတ်ကြသည်...
သမီးလေးဟာ ရူးတယ်လို့ ပြောရလောက်အောင်လည်း စိတ်ဖောက်ပြားပြီးအိန္ဒြေပျက်လောက်အောင်အထိ ဖြစ်နေတဲ့လူမျိုးလည်းမဟုတ်ပါ....
တစ်ခါတစ်လေလေးစကားတစ်ယောက်တည်းပြောနေတတ်ပြီး တစ်ခါပြောပြီးသားစကားကို မေ့ပြီးနှစ်ခါပြောတတ်သေးသည်...
သူများပြောတာကိုယုံလွယ်သူလေးမို့ မိခင်ကသေချာရင်အုပ်မကွာထားပြီး သေချာလေးTrainထားတဲ့ကလေးလေးဖြစ်သည်...သို့ပေမယ့် ပြီးခဲ့တဲ့ဖြစ်စဥ်မှာ သမီးလေးဟာ သူမတို့တစ်ခါမျှမမြင်ဖူးတဲ့ပုံစံမျိုးမြင်ရချိန်မှာ ဒေါ်စိမ်းမြကြည်ရောဦးထွန်းနောင်ပါ ရင်တွေကွဲကြေမတတ်ခံစားခဲ့ရလေသည်....
လူတစ်ယောက်မှန်ရင် ရယ်ခြင်းငိုခြင်းကမထူးဆန်းပေမယ့် သမီးလေးသည် အမြဲပြုံးရွှင်ကာရယ်ခြင်းသာရှိခဲ့လေသည်..
ထိုကိစ္စဖြစ်ပြီးတော့ သမီးလေးဟာ ကြောက်ရွံ့ထိတ်လန့်စွာငိုကြွေးလေသည်...
ငိုတာများ ဘာထူးဆန်းလဲလို့ လူတွေကပြောကြလိမ့်မည်.....
သမီးလေးသည် အသက် ၂နှစ်အရွယ်လောက်တည်းကငိုခြင်းပြုခြင်းမရှိဘဲ သာမန်ကလေးတွေထက် အနည်းငယ်ကွဲပြားနေတာသတိထားမိပြီးဆရာဝန်ပြခဲ့ကြည့်မှ Mental Retardation မွေးရာပါ နှောင့်နှေးမှုဆိုတာက ရင်နာနာနဲ့ လက်ခံလိုက်ရလေသည်...
သမီးလေးသည် ယခုအသက်၂၀အရွယ်ရောက်ခဲ့တဲ့အထိ ငိုခြင်းပြုခြင်းမရှိဘဲ ဘဝကိုပျော်ရွှင်စွာ ပေါ့ပါးပါးဖြတ်သန်းခဲ့ရပြီး အမြဲပြုံးနေတတ်သူဖြစ်လေသည်...
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...