Part _61

54.7K 2.2K 313
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _61

"ဒီလို လုပ်မယ်ဆရာ''

''ပြော''

''ကျွန်တော် ဒီသတင်းကို နုလေးကို ကိုယ်တိုင် ပြောနိုင်မယ် မထင်ဘူး ပြောရင်လည်း ကျွန်တော့မျက်နှာ အရမ်းပျက်နေလိမ့်မယ် ကျွန်တော် မျက်နှာပျက်တာ မြင်ရင် နုလေးက သွားတော့မှာ မဟုတ်ဘူးဆရာ ဆရာတို့ပဲ ပြောလိုက်ပါ  သူ ....သူက ကျွန်တော့်ကို ခွဲနိုင်လို့  သွားမယ်လို့ ဆုံးဖြတ်ရင် ကျွန်တော်  ထည့်..ထည့်ပါ့မယ် ဆရာ''

''အာ ဒီကောင်လေးကတော့ လုပ်ပြီကွာ ''

မျက်နှာက ပြင်မရအောင် ပျက်နေကာခေါင်းငိုက်စိုက်ချပြီး ထိုင်နေတဲ့ သန့်သီဟနောင်ကို ဦးဇော်မိုးဆွေတို့ ဇနီးမောင်နှံနှစ်ယောက် ငေးကြည့်နေမိကြတော့သည်.....

"ဝန်းလေး နင်မနက်ဖြန် စောလာခဲ့နော်''

''ဝန်းမဟုတ်ဘူးလေ ပီပါဆို ပီလို့ခေါ်''

''ဪ အေးပါဟယ် နင်ဆိုသည်မှာလည်း တစ်ချက်ကလေးတောင် အမှားမခံ''

''ဟီးဟီး''

''ဘိုင့်ဘိုင်''

''ဟော မင်းမိန်းမ လာနေပြီ သီဟ ဘယ်လို ပြောကြမလဲ''

''ဗျာ ဟုတ်ကဲ့ ဆရာ''

နုလေးက သမီးအိမ်မှာ စာသင်ပြီးတော့  ဒီဘက်အိမ်ကို ကူးလာနေပြီမို့ ငိုင်နေသည့် သီဟကို  ဦးဇော်မိုးဆွေ သတိပေးလိုက်ရသည်.....

အိမ်ရှေ့ခန်းနဲ့ မီးဖိုကြားက ကြိမ်ပါတေးရှင်းမှာ ခန်းဆီးပါထည့်ထားတော့ တော်ရုံနဲ့ မမြင်နိုင် သီဟ အမြန် ဝင်ပုန်းလိုက်ရင်း.....

''ကျွန်တော်ဒီထဲမှာ ဝင်နေလိုက်မယ် ဆရာ ဆရာတို့ ပြောကြည့်လိုက်ပါ"

''အေးအေး''

''ကိုကိုရေ''

''ဟော နုလေးကတော့နော် မဟုတ်တော့ဘူး
  အန်တီတို့ကို မြင်နေတာတောင် သူ့ကိုကို ကို အရင်တနေတယ်"

နုလေးသွယ်က ဇက်ကလေးပု လျှာလေးတစ်လစ်နဲ့ မျက်နှာလေးက ပန်းရောင်လေး ပြောင်းသွားရရင်း....

''ကိုကို့ကား ရှိနေတော့ နုက အိမ်ထဲမှာ ရှိနေတယ် ထင်လို့ပါအန်တီ ဟင်းဟင်း"

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now