💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _40"အင်း ဟုတ်တယ် မေမေတို့ ဆန်တွေပိုကုန်တယ် ပြန်ခိုင်းလိုက်တာကောင်းတယ် "
"နု ကိုကိုလုပ်တာ မှန်တယ်"
"ဘေဘီရယ်''
သူ့လက်ကို ဆုပ်ကိုင်လာတဲ့နုလေးရဲ့ လက်ကလေးတွေကို ဆွဲယူလိုက်ပြီး ရင်ဘတ်မှာ ဖိကပ်ထားလိုက်မိသည်.....
သူ့ရင်တွေ ခုန်နေတာကို သတိထားမိသွားတဲ့ နုလေးဟာ သူ့ကို မျက်လုံးလေးပြူး ပါးစပ်ကလေး ဝိုင်းကာ မော့ကြည့်လာပြီး ....
''ကိုကို့ရင်တွေ အရမ်း ခုန်နေတယ်နော်"
''အင်း''
''ဘာဖြစ်လို့လဲ ကိုကို''
''ဘာဖြစ်တာလို့ ဘေဘီထင်လဲ''
''နု မသိဘူးလေ ''
စဉ်းစားသလို ပုံမျိုးလေးနဲ့ သူ့ကို
မော့ကြည့်နေရင်း မျက်တောင်လေးတွေက ပုတ်ခတ်ပုတ်ခတ် ဖြစ်နေတာကို အသည်းတွေ အူတွေယားလှတာကြောင့်....."ဟာကွာ"
"ပြွတ်စ်"
''ဟင့်အင်း''
မျက်ခွံလေးကို ဖိကပ်နမ်းလိုက်တာကို အလန့်တကြားနဲ့ နောက်ဆုတ်လိုက်တော့ သူ့နှုတ်ခမ်းတွေဟာ နုလေးရဲ့ ဂျယ်လီသားလို နှုတ်ခမ်းသား တုန်အိအိလေးတွေကို ဒုတိယအကြိမ် ဖိကပ်နမ်းရှိုက်မိလျက်သား ဖြစ်သွားတော့သည်....
''အ....."
နှစ်ဦးသား တဒင်္ဂ မှင်တက်မိနေကြရာက အစ်မကြီးနုက သူ့ခါးကို ဆိတ်လာတာကြောင့် တွန့်သွားရတော့သည်.....
"ဟိတ် ဘာလို့ ဆိတ်ရတာလဲ''
''နုကို ကြိုမှ မပြောတာလို့''
''ဟင်''
လူလည်မလေးက သူ အံ့ဩနေတာကို အခွင့်ကောင်းယူပြီး လှည့်ပြေးလေသည်.... လက်ကလေးကနေ ဖမ်းဆွဲလိုက်တော့ ရင်ခွင်ထဲကို နောက်ပြန်ကြီး ပစ်ဝင်လာတော့သည်....
နုလေးရဲ့ ခန္နာကိုယ်နုနုလေးကို ခါးလေးကနေ သိမ်းပွေ့ကာ ရင်ခွင်ထဲကို နစ်ဝင်သွားတော့မတတ် ဖျစ်ညှစ်ကာ ဖက်ထားလိုက်ရင်း သူ့မျက်နှာကို ပုခုံးသား နုနုလေးပေါ်မှာ တင်ထားလိုက်သည် နုလေးက ရုန်းနေရင်းက ....

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Любовные романы"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...