Part _7

35.5K 1.3K 86
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 7

''ခေ ပြောတော့.. သူက စိတ်မနှံ့ဘူးဆို"

''အယ် နုလေးက ပုံမှန် မဟုတ်ပေမယ့် အဲလိုကြီးတော့ မဟုတ်ဘူးလေ''

ဇေငြိမ်းစျန် ရင်ထဲမှာ ခံစားချက်တွေ
ရှုပ်ထွေးနေပြီး....

"ဟိုတစ်ခါက  ခေပဲ ပြောတာလေ''

''အမလေးလေး  ဇေရေ အဲဒီစကားကို  ကိုကြီးရှေ့မှာ  ယောင်လို့တောင် သွားမပြောမိစေနဲ့နော် ဟိုရက်က ခေပြောမိလို့ ခေ့ကို ကြည့်နေလိုက်တာများ ကြောက်စရာကြီး''

''ကိုကြီးဆိုတာက ''

'ခေတို့ ကိုကြီးလေ နုလေးနဲ့ လက်ထပ်မှာက အဲဒီ
ကိုကြီးနဲ့ပေါ့''

''ဟာ''

ဖိတ်စာကို သူအမြန်ဆွဲထုတ်ပြီး ဖတ်ကြည့်လိုက်တော့....

"ဟင်''

''ခေ ဒါ ဒါက ဘယ်လို''

''ကိုကြီးက မေမေတို့ရဲ့ သားအရင်း မဟုတ်ဘူးလေ  ဇေရဲ့''

''ဟာ ''

''ဒါဆို ဒီ  ဒီအစ်ကိုက ဟိုတစ်ခါ  ခေ myday တင်တုန်းက ပါတဲ့ အစ်ကိုပေါ့''

''ဇေက မှတ်မိသားပဲ'''

''အင်း မှတ်မိတယ်'''

သန့်သီဟနောင် နဲ့ နုလေးသွယ် ဆိုတဲ့ နာမည်လေး နှစ်လုံးကို အထပ်ထပ် ဖတ်နေမိရင်း ဇေ့ရင်ထဲမှာ နှမြောတသ စိတ်တွေနဲ့  ခံရခက်လှသည်...

''အဲဒီ အစ်ကိုက နုလေးသွယ်ကို ချစ်တယ်တဲ့လား ခေ့ညီမလေးကရော "

"နုလေးက ဘာသိမှာလဲ ဇေရယ် လူရမ်းကားတစ်ကောင် ဒုက္ခပေးလို့ ကိုကြီးနဲ့ နုလေးကို အခုလိုတွေ  အမြန်စီစဉ်လိုက်တာ''

''ဘာ''

ဇေ တစ်ကိုယ်လုံး ဆတ်ကနဲ တုန်သွားရပြီး
အထိတ်တလန့်နဲ့ ခေ့မျက်နှာလေးကို  လှမ်းကြည့်မိတော့....

"တော်တော် လူစိတ်မရှိတဲ့သူ တော်သေးတာပေါ့  အိမ်ကလူတွေ အရောက်မြန်လို့ နုလေးက အကြောက်လွန်ပြီး သတိတောင် လစ်သွားရှာတယ်''

.............

''အဲဒီ ကိစ္စဖြစ်ပြီးတော့ မေမေတို့က နုလေးကို စိတ်မချတော့လို့  ချက်ချင်း စီစဉ်လိုက်ရတာ''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now