💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _65"နုလေ နု မသောက်ဘဲ မူးနေတယ် ကိုကို "
ပြောနေရင်း နုလေးရဲ့ ကိုယ်လေးဟာ ပျော့ခွေသွားတာကြောင့် ကလေးတစ်ဖက်နဲ့ သီဟ ထိန်းလိုက်ရင်း...
"ဟာ နုလေး!!!"
"အင်းးးး''
နုလေးရဲ့ မျက်နှာလေးက သွေးမရှိတော့သလို ဖြူဆုတ်နေပြီး ချွေးစေးလေးတွေပါပြန်နေကာ လုံးဝ မဟန်နိုင်တော့တဲ့ပုံပင် သူ့ကို မှီလျှောကာ လဲကျတော့မလို ဖြစ်နေတာမို့ ပူပန်လွန်းလှတဲ့စိိတ်တွေနဲ့ သီဟ လန့်ဖျန့်သွားရတော့သည် .....
"ဘုန်းဆက်''
''ဗျာ''
''ရော့ ကွန်းလေးကို မြန်မြန်ယူ''
''ဟာ နုလေးသွယ်က မူးနေတာလား''
ဘုန်းဆက်လက်ထဲကို ကလေးပြန်ထည့်ပေးလိုက်ရင်း နုလေးကို သီဟ ကောက်ချီလိုက်တော့ နုလေးရဲ့ မျက်ခွံလေးတွေက ပိတ်ကျသွားပြီ ဖြစ်သည်....
"ဟာ နုလေး နုလေး''
''ဘေဘီ''
''ကိုသီဟ လာ လာ အိမ်ထဲကို ခေါ်လာခဲ့''
''အေးအေး''
ဘုန်းဆက်တို့အိမ်ကို အမြန်ပြေးကြတော့ ဆရာ
အန်တီချိုနဲ့ ချမ်းချမ်းတို့ပါ ပြေးလိုက်လာကြလေသည်....."ညီမလေး ရော့ သားကိုချီ ကိုကို နုလေးကို
စမ်းကြည့်လိုက်မယ်""ဘုန်းဆက် ဖြစ်မလား ငါ ဆေးရုံကို ပြေးတော့မယ်''
''ခဏလေးပါ ကိုသီဟရဲ့ မကြာပါဘူး အေးဆေး ငါ့အစ်ကို စိတ်လျှော့ထား''
ဘုန်းဆက်က စိတ်လျှော့ထားဆိုပေမယ့် မလျှော့နိုင်တာ ကိုယ်တိုင်သာ အသိဆုံး ဒီတလော သူရော နုလေးပါ အလုပ်တွေနဲ့ ခေါင်းမဖော်နိုင် ဖြစ်နေကြကာ တော်တော် ကြာနေပြီ .....
လူကလေး သေးသလောက် ခေါင်းကြောမာလှတဲ့ နုလေးဟာ သူမလေးရဲ့ တာဝန်တွေ မပြီးမချင်း နားခိုင်းလို့မရ ဒီဇိုင်းဆွဲပြီး sample ညှပ်ပြ ချုပ်ပြပြီးလည်း အငြိမ်မနေ cutting room ထဲလည်းသူပါ အထည်ထွက်လာလို့ QC စစ်တော့လည်းသူပါ .....
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...