💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 10"လာ ဒီမှာထိုင် ကိုကိုနဲ့အတူ
နေဝင်တာ ကြည့်ရအောင်''''ဟုတ်ကဲ့''
သူလက်နဲ့ ပုတ်ပြလိုက်တဲ့ နေရာလေးမှာ လာဝင်ထိုင်တဲ့ နုလေးကို သူ ပြုံးကြည့်နေမိသည်....
ပန်းခရမ်း အပွင့်ကြီးကြီးတွေပါတဲ့ အဖြူရောင်ဂါဝန်လေးဟာ နုလေးရဲ့ အသားအရေ ကြည်ကြည်လေးနဲ့ လိုက်ဖက်လွန်းလှသည်။ ကျောလည်လောက်ရှိတဲ့ နက်ပြောင်ပြောင် ဆံပင်လေးတွေဟာ လေအဝေ့မှာ လွှင့်နေတော့ မျက်နှာလေးနဲ့ လည်တိုင်နုနုလေးကို ထင်းနေအောင် မြင်နေရလေသည်.....
မသိတဲ့လူက ကြည့်ရင် နုလေးဟာ ဥာဏ်ရည် မသန်စွမ်းသူလေးဆိုတာ လုံးဝကို သိမှာမဟုတ် ရုပ်ရည်လေးကလည်း ချစ်စရာကောင်း မိဘကလည်း ပြည့်စုံကြွယ်ဝပါလျက် ဒါတွေဟာ သူမလေးနဲ့ ဘာမှ မသက်ဆိုင်သလို ဖြစ်နေရှာတဲ့ နုလေးရဲ့ဘဝလေးကို တွေးမိတိုင်း သူအသက်ရှုမဝသလို ခံစားရသည်.....
နုလေး အနားမှာ ဘယ်သူမှ မရှိလည်း
ကိုယ့်ဟာကိုယ် ကာကွယ်တတ်အောင် ဗိုက်ဆာလာရင် ဘယ်လိုဝယ်စားရမလဲ.... ချက်စားရမလဲ သိအောင် ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်ကို တာဝန်ပိုစေတဲ့သူ မဖြစ်အောင် ပျော်ရွှင်လွတ်လပ်မှု ဆိုတာကို
နုလေးက နားလည်ခံစားတတ်လာအောင် ကိုကိုက သင်ပေး လေ့ကျင့်ပေးပါ့မယ် ညီမလေးရယ် .....ခက်ခဲမယ်ဆိုတာ သိပေမယ့် ကိုကို အစွမ်းကုန် ကြိုးစားမယ် ငါ့ညီမလေးလည်း တခြားလူတွေလိုမျိုး ပျော်ရွှင်တက်ကြွတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ကိုဖြစ်စေရမယ်....
ကိုယ်ဖြစ်ချင်တာကို လုပ်ခွင့်ရှိရမယ် မလုပ်ချင်တာကို ငြင်းခွင့်ရှိရမယ်....
အမှီအခိုကင်းတဲ့ဘဝနဲ့ ရှင်သန်ဖို့ ကိုကိုက လေ့ကျင့်ပေးမယ်...."ကိုကို''
''ကိုကို''
''ကိုကို့''
''အင် အဲ....ဘာလဲ ကလေး ပြောလေ'''
"ကိုကို ဒီကိုလာတာ ပင်လယ်ကြည့်ဖို့ လာတာလား နုကို ကြည့်ဖို့လား''
''ဟာ''
''နုလေး ခေါ်နေတာ ကြာလှပြီဟာကို မကြားဘူး နုကို လာကြည့်နေတာ မပြီးတော့ဘူး ''
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...