Part _21

44.7K 1.6K 141
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 21

"နုလေး ဘာဖြစ်တာလဲ နေမကောင်းဘူးလားကလေး"

"နုက ကိုကို့ကိုလွမ်းလို့ ဖျားနေတာလေ ကိုကိုက
နုကိုမှ ခေါ်မသွားတာ အီးးး ဟီး"

"နုနဲ့အမြဲတမ်း အတူတူနေမှာလို့ ပြောပြီး နုကိုညာတယ်"

"ဟာ ...နုလေးရာ"

ဝမ်းနည်းပက်လက် ငိုရှိုက်ရင်း ပြောနေရှာတဲ့ နုလေးရဲ့ အသံလေးဟာ ခပ်တိုးတိုးလေး ဖြစ်နေပေမယ့် သူသေချာကြားရပါသည်......

နုလေးရဲ့ နှုတ်ခမ်းဖျားက စကားလုံးလေးတွေဟာ မြှားအစင်းပေါင်းများစွာ သူ့ရင်ကို လာမှန်နေသလို ခံစားနေရတာမို့ သီဟ ရင်တွေ နာကျင်နေရသည်။ တစ်ခုခု ပြောလိုက်ချင်ပေမယ့် ဘာသံမှ မထွက်နိုင်ဘဲ ဖြစ်နေရပြီး နုလေးရဲ့ မျက်နှာလေးကိုသာ တမေ့တမော ငေးကြည့်နေမိတော့သည်.....

''အဟင့် ဟင့် ဟင့်"

နုလေးက ငိုနေရင်း မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်နဲ့ အုပ်ပစ်လိုက်တာမို့  သီဟ ရင်ထဲမှာ ဟာခနဲ ဖြစ်သွားရသည် ....ငိုနေတာလေးကို မကြည့်ရက်ပေမယ့် သူကလည်း ဒီမျက်နှာလေးကို တွေ့ချင်မြင်ချင်လွန်းလို့ ရူးမတတ်ကို ဖြစ်နေရတာလေ ....

"ဟာ နုလေး ''

''မငိုပါနဲ့လား ကလေးရယ် ခေါင်းလေး မော့ပါဦးကွာ နော် ကိုကိုကလည်း နုလေးကို အရမ်း.......ကို လွမ်းနေတာပါကွာ အရမ်းလည်း ပြန်ချင်လှပြီ နေ့လည် flight နဲ့ ပြန်လာတော့မှာလေ ညနေ ငါးနာရီလောက်ဆို နုလေးနားကို ပြန်ရောက်လာတော့မှာ "

''ဟင်''

လက်ဝါးနှစ်ဖက်ထဲကို မျက်နှာလေး မှောက်ချပြီး ရှိုက်ငိုနေရာက ချက်ချင်း မော့လာတဲ့ မျက်နှာလေး  နုလေးရဲ့ နုနုငယ်ငယ် မျက်နှာလေးဟာ နီရဲနေပြီး မျက်ဝန်းအိမ်နဲ့အပြည့် ဖြစ်နေရှာတဲဲ့ မျက်ရည်တွေ....

နုလေးကို မျက်ရည်တွေနဲ့ မြင်နေရလို့ သူသနားလှပေမယ့် ဒါ သူ့ကို လွမ်းလို့ ငိုနေတာဆိုတဲ့ အသိကြောင့် လူက ဘယ်လို ပျော်မှန်းကိုမသိ သူမသွားခင်ကတည်းက ငိုချင်နေတဲ့ကလေးက အခု သူမရှိတော့ လွမ်းလို့ငိုနေရှာတာများ ဖျားတောင်ဖျားသတဲ့လေ ......

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now