💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 3"ကျွန်တော် နုလေးကို လက်ထပ်ပါမယ် "
"ဟင်"
"ဟယ်"ဖေဖေနဲ့ မေမေက ကျေနပ်စွာပြုံးနေကြပေမယ့် ခေနဲ့ဝေမာကတော့ အံ့သြသွားကြဟန်...
"ကိုကြီးနဲ့နုလေးက ဘယ်လိုလုပ်"
ခေမာသွယ်က ဒေါ်စိမ်းမြကြည်ဘေး ကပ်ထိုင်ကာမေးလိုက်လေသည်...
ဝေမာသွယ်ကတော့ ဘာမှတောင်မပြောနိုင်တော့ဘဲပါးစပ်အဟောင်းသားဖြင့် မျက်နှာပျက်ယွင်းနေလေသည်...."အင်း မေမေနဲ့ဖေဖေစီစဥ်တာ သမီးတို့အကြီးနှစ်ယောက်က ကိုယ်နဲ့သင့်တော်တဲ့ အိမ်ထောင်ဘက်ရှာနိုင်ပေမယ့် သမီးငယ်လေးကတော့ အဲလိုမဟုတ်ဘူးမလား သူ့အတွက်သင့်တော်တဲ့အိမ်ထောက်ဘက်က မေမေနဲ့ဖေဖေရှာပေးမှရမှာလေ "
"ဟုတ်တော့ ဟုတ်ပေမယ့် ကိုကြီးကဘယ်လိုလုပ်"
"သမီးနုလေးကသာ ဘာမှနားမလည်မသိရှာပေမယ့် ခေနဲ့ဝေကတော့ သားကြီးက မေမေတို့နဲ့သွေးမတော်တာ သိနေပြီးသားမဟုတ်လား "
"သိပါတယ်မေမေရဲ့ ဒါပေမယ့် ကိုကြီးက ခေတို့ အစ်ကိုလို့ပဲမှတ်ယူခဲ့တာလေ ဒါကြီးက shockနော် "
ဒေါ်စိမ်းမြကြည်ကသမီးဝေမာသွယ်ကိုကြည့်လိုက်တော့ ခေ့လို မေးခွန်းတွေထုတ်မနေဘဲ ငြိမ်နေလေသည်....
"ဖေဖေနဲ့ မေမေလည်း ဒီကိစ္စကို အများကြီးစဥ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာပါ...ဘယ်သူစိမ်းယောက်ျားက သားလောက် သမီးအပေါ်သိတတ်မလဲ"
ဝေမာ ကိုကြီးကိုကြည့်လိုက်တော့ ခန့်မှန်းရခက်တဲ့မျက်နှာဖြင့်တည်ငြိမ်နေလေသည်....
ကိုကြီးက ဘယ်လိုဆုံးဖြတ်ချက်ကြီးကိုချပြီး နုလေးကို လက်ထပ်ဖို့ထိဖြစ်သွားရတာလဲ....ဝေ့ လက်သီးတွေ မသိမသာဆုပ်သွားတာကိုတော့ ဘယ်သူ့မှ မမြင်လိုက်ကြ...."သားကြီး ခရီးပန်းလာတယ် မဟုတ်လား နားလိုက်တော့နော် နောက်မှ စကားဆက်ပြောရအောင်"
"ဟုတ်ကဲ့ပါ ဖေဖေ "
သန့်သီဟနောင်က ထလိုက်ပြီး ညီမဖြစ်သူနှစ်ယောက်ကို ပြုံးပြလိုက်ပြီး ....

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...