💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _57"သခွပ်ပွင့်ကသုပ်ပြန်ပြီလား နေ့မဟုတ်ရင် ညပါတယ်နော် ဘေဘီ တော်လောက်ပြီလေ "
"ကြိုက်တယ်ပြောလို့ တကူးတကသုပ်ပေးထားတာလေ ....အပြောင်းအလဲမမြန်နဲ့လေကိုကို ....ကိုကိုက အဲလိုလူလား ဟုတ်လား "
"ဟမ်......! "
"ဘာကို ဟမ်လဲ ကြိုက်လို့ နုက သုပ်ကျွေးတာလေ စားစေချင်လို့လေ"
"အင်းလေ အမြဲတမ်းချည်းကြ "
"ဘာ...ဘာ ...ဘာ"
ခုံမှာထိုင်ချလိုက်ပြီး လက်ပိုက်လိုက်ကာ သူ့ကို မျက်ခုံးလေးတွေတွန့်ကာကြည့်ပြီး.....
"ရိုးသွားပြီလို့ ပြောချင်တာလား "
သန့်သီဟနောင်က ခေါင်းကို အဆတ်မပြတ်ခါပြလိုက်ရင်း..
"မဟုတ်ဘူး "
"ကိုကိုနော်.....ကိုကို "
"ဗျ ...ဗျ"
နုလေးပုံစံက စိတ်ဆိုးတဲ့ဘက်သွားနေပြီမို့ သီဟ ပျာသွားရတော့သည်...
သန့်သီဟနောင်ရဲ့ အကြောက်ဆုံးအရာကိုဖြေပါဆိုလျှင် မိန်းမလို့ဖြေရမည်ဖြစ်သည်...
တစ်သက်နဲ့တစ်ကိုယ် သူသည် မိန်းမယူခဲ့လျှင် မိန်းမကို ဒီလောက်ကြောက်ရမယ်မှန်း မတွေးခဲ့မိဖူးပါ...
အခုဆိုလျှင် မိန်းမက ကိုကိုနော် ဆိုတာနဲ့ သီဟတို့ နေစရာနေရာမရှိတော့ပါ..."စားမယ် ကိုကို စားပါ့မယ် နတ်သုဒ္ဓါပဲဟာကို "
"အပြောင်းအလဲမမြန်နဲ့နော် နု မကြိုက်ဘူး "
"မမြန်ပါဘူးမိန်းမရယ် "
"ပြောလို့ရမလား အရင်က ရည်းစားလည်းထားခဲ့သေး နုလည်းမသိရ "
"ဟ"
ဒီကိစ္စစသိတုန်းက မရစ်ခဲ့ပါဘူးလို့ ရင်အေးနေရသေး အခုပေါင်းပြီးအရစ်ခံရပြီမို့ သီဟချွေးစေးတွေပြန်လာရတော့သည်...
"အဲဒါက အရင်ကပါ ပြီးသွားပြီလေ "
"ပြီးရမှာပေါ့ မပြီးလို့ရမလား မပြီးကြည့် အဲဒီမမနှင်းသစ္စာကို နု ပါးရိုက်တော့မှာ လိမ်လည်းလိမ်တယ် နုယောက်ျားနဲ့သူကသူငယ်ချင်းဆိုပြီး အခု ကိုကိုက နုကိုချစ်ပါတယ်ဆိုမှ အရင်ကရည်းစားလေးဘာလေးနုကို လာပြောနေတယ် နုက အဲဒါဘာလုပ်ရမှာလဲ ရည်းစားဖြစ်တိုင်း ယောက်ျားတော်လို့ရလားပြော "
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...