Part _37

43.5K 1.6K 183
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _37

ဧည့်သည် အန်တီကြီးတွေက နုကို ကြည့်ကာ  ဒေါသထွက်နေကြပြီး ရဲစခန်းကို ဖုန်းဆက်နေလေသည်....

ဟင် ဒါ ဒါဆို နုက အဖမ်းခံရတော့မှာလား....

နု အရမ်းထိတ်လန့်သွားရပြီး ချာကနဲ လှည့်အပြေး အန်တီကြီးက နုလက်ကို လှမ်းဆွဲလိုက်တာမို့ လူက ယိုင်ကနဲတောင် ဖြစ်သွားရသည်....

''ဟဲ့  နင်မပြေးနဲ့"

''ဟင့်အင်း နုကို  လွှတ်  ကိုကိုရေ''

''ဘေဘီ!!!!''

နု အတင်းရုန်းပြီး လှည့်ပြေးတော့ နု အနောက်မှာ ကပ်ပြီး ရပ်နေတဲ့ ကိုကို့ရင်ခွင်ထဲကို ပစ်ဝင်သွားတော့သည်.....

"နုလေး''

''ကို ကို      ကိုကို  နု က  လေ''

နုလေးက တစ်ကိုယ်လုံး အေးစက်တုန်ယင်နေရှာကာ မျက်နှာလေးမှာ သွေးတောင် မရှိတော့  ....သူ့ကို အားကိုးတကြီး မော့ကြည့်လာတဲ့ မျက်လုံးလေးတွေထဲမှာ  အဆုံးမရှိသော ကြောက်ရွံ့ခြင်းတွေကို အမိအရ မြင်လိုက်ရတာမို့  သူ့ရင်ဘတ်ကြီး ပွင့်ထွက်သွားသလိုမျိုး  ခံစားလိုက်ရသည် .....

ဒီလို မဖြစ်ရဘူးလေ  ကလေးရယ် မင်းလေးက ဘာကိုမှ မကြောက်ရဘူးလေ......

ဘာကိစ္စမှန်း သူမသိပေမယ့် နုလေးရဲ့ စိတ်ထဲမှာ တအုံနွေးနွေး ရှိနေတဲ့ အကြိတ်အခဲကြီးကို ပြေလျော့သွားစေချင်လို့ကို သူလုံးဝ မဆွဲဘဲ ကြည့်နေခဲ့တာ .....

နုလေး အနောက်ကနေ သူလိုက်လို့ မီလာပေမယ့် တမင် အသာလေး ကြည့်နေလိုက်တာက ဒီမီးဆိုင်းနဲ့ ထုလိုက်ရလို့ စိတ်ကျေနပ်သွားရင် နုလေးကြိတ်မှိတ်ပြီး ခံစားနေရတာလေး သက်သာပျောက်ကင်းသွားမယ်လို့ သူယုံကြည်လို့လေ .....

ပြီးတော့ နုလေးက အကြောင်းမဲ့ ရန်လိုနေတာ မဟုတ်ဘူးဆိုတာလည်း သေချာသိနေလို့ မတားမိတာ သူမှားသွားပြီလား ....မျက်နှာလေးကို မေးဖျားလေးက ဆွဲခါလိုက်ရင်း.....

''နုလေး"

''နုလေး ''

''ဘေဘီ''

''ရှင်''

''ဘာမှ မဖြစ်ဘူးလေ ကလေး မကြောက်နဲ့ မကြောက်နဲ့ကိုကို ရှိတယ်  ''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now