💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 14မျက်နှာလေးက သနားစရာကောင်းလောက်အောင် ပျက်ကျနေကာ လက်ကလေးနှစ်ဖက်ကို လိမ်ယှက်ထားပြီး ခေါင်းလေးငုံ့ထားရှာလေသည်.....
"ကိုကိုရှိတယ်လေ နုလေးရယ် ဘာလို့ စိတ်ပူနေတာလဲ"
သူ့စကားဆုံးတော့ နုလေး မျက်နှာလေးက ဝင်းကနဲ ဖြစ်သွားပြီး သူ့ကို အားကိုးတကြီးလေး မော့ကြည့်လာလေသည်....
"ကိုကိုက လုပ်ပေးတတ်တာလားဟင်''
မျက်ရည်ဥလေးတွေ တွဲခိုနေတဲ့ မျက်နှာလေးကို သူကြင်နာစွာ ပြုံးပြလိုက်ရင်း ခေါင်းလေးကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်....
"ဒါက ရှက်စရာ မဟုတ်ပါဘူး ကလေးရဲ့ သဘာဝပဲလေ ကိုကိုက အဆင်ပြေအောင် လုပ်ပေးမှာမို့ မငိုရဘူးနော် ဟုတ်ပြီလား''
''ဟုတ်''
နုလေးက တကယ့် ကလေးငယ်လေး တစ်ယောက်လို ပုံမျိုးနဲ့ ခေါင်းလေးညိတ်ပြတော့ မျက်ရည်ဥလေးတွေက အောက်ကို ပြုတ်ကျသွားလေသည် .....
ကျန်နေတဲ့ မျက်ရည်စက်ကလေးတွေကို သူသုတ်ပေးလိုက်ရင်း နုလေးရဲ့လက်ကလေးကို ကြင်နာစွာ ဆုပ်ကိုင်လိုက်သည်။မလှမ်းမကမ်းက Martကို လက်ညိုးထိုးပြလိုက်ရင်း.....''ကလေးက ဒီမှာ ခဏလေးစောင့် ကိုကိုဝယ်ပြီး ချက်ချင်း ပြန်လာမယ်နော်"
''ဟုတ်ကဲ့ကိုကို''
ဆိုင်ကိုရောက်တော့ လစဉ်သုံး padတွေက အမျိုးအစားတွေ အများကြီးဖြစ်သည် မျက်စိရှေ့တည့်တည့်မှာတွေ့တဲ့ နှစ်ထုတ်ကို သူယူလာပြီး လိုရမယ်ရ underwear တွေပါ ဝယ်လာခဲ့လိုက်သည်....
နုလေးနားကို ပြန်ရောက်တော့ နုလေးကို ကောက်ချီလိုက်ပြီး ဌါးထားတဲ့ ကားပေါ်ကို တက်လိုက်သည်......
သူများကားကူရှင် မှာ စွန်းပေသွားမှာ စိုးတာကြောင့် ချီထားသည့်အတိုင်းပဲ ထိုင်လိုက်တော့သည် ......
သူ့ကို အားနာနေဟန်ရှိတဲ့ နုလေးက ရုန်းနေရှာပြီး ..."ဟင့်အင်း ကိုကို ''
''ရှုး''
"ငြိမ်ငြိမ်နေလေ ကလေးရဲ့ မရုန်းရဘူး''
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...