Part _66

51.6K 2K 200
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _66

"တီ တီ''

''နုလေးမမ''

''ဟော ဝန်းလေး လာပြီ ထင်တယ်''

''ဟာ ဘေဘီ ဖြည်းဖြည်း လုပ်လေကွာ''

ကားဟွန်းသံ ကြားလိုက်ရပြီးနောက် စိုင်းဝန်းဖိတ်ရဲ့ အသံလေးပါ  တဆက်တည်း ဆိုသလို ထွက်လာတော့ နုလေးက ချက်ချင်းကြီး ထရပ်တော့တာမို့ သီဟက လိုက်တွဲရတော့သည်....

"ရပါတယ် ကိုကိုရဲ့''

''ဝန်းလေး''

''နုလေးမမ မြန်မြန်လာ တံခါးလာဖွင့် ''

''ဟဲ့ လာနေတာပဲလေ ပီရဲ့ ငါက ပြေးလို့မှ မရတာ''

ကိုဟန်ခမ်း သယ်လာတာက စားစရာတွေ အစုံပါတဲ့ခြင်း ဖြစ်ပုံရကာ အနောက်မှာ ပါလာတာက သူတို့ရဲ့ ခြံစောင့်ကြီး ကိုအောင်ဒင် လက်ထဲမှာ ပါလာတာက တွဲလောင်းချိတ်ရုံ အဆင်သင့် စိုက်ပျိုးပြီးသား ဖြစ်နေတဲ့ ပန်းကလေးတွေ ....

နုလေးက လရင့်လာတော့ ဆရာတို့အိမ်ကို သိပ်မသွားဖြစ် ....အဲဒီတော့ ဝန်းလေးက မနေနိုင်ဘဲ တကူးတက လိုက်လာရှာသည်...
လာတိုင်း ကိုဟန်ခန်းက အလှပန်းအိုးတွေ သယ်လာပြီး နေရာချကာ စိုက်ပေးနေတော့ သီဟတို့ ခြံကလေးက ကြာလေလှလေ ဖြစ်သည်....

ပိုက်ဆံပေးလို့လည်း မရ တော်ပါပြီလို့ ငြင်းဆန်နေလည်း မထူးတော့ အားနာနာနဲ့ပဲ ကြည့်နေရတော့သည် မူးခိုဖောနဲ့ ဟန်ခမ်းညီမ နန်းယဉ်အတွက် ပွဲတက်ဖို့ dress ပုံဆန်းလေးတွေ နုလေးက ချုပ်ပေးတော့ သဘောတကျနဲ့ လက်ခံကြသည်.....

"ဘာတွေ ယူလာပြန်တာလဲ ဟန်ခမ်းရာ အမြဲတမ်းကြီးဆိုတော့ အားနာလှပြီ''

''အားမနာပါနဲ့  စားစရာတွေက လင်းခေးအိမ်က ပို့လိုက်တာ အပင်တွေကလည်း
ကိုယ်ခွဲစိုက်နေတဲ့အထဲက ယူလာရုံပဲဟာကို "

''အေးလေ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ စားစရာနဲ့ အပင်တွေ ရောက်လာတာကြီးက ကြာတော့ စိတ်မသက်သာဘူး''

''ဘာမှ အားနာမနေနဲ့သီဟ သိပ်မကြာတော့ဘူး မင်းလည်း သဘောပေါက်လာလိမ့်မယ်''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now