Part_27

45.7K 1.6K 112
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 27

အဲဒီလူကြီး ထွက်သွားတော့ နုမှာ ဒူးတွေတုန်လာပြီး ရင်တွေလည်း တုန်လာလေသည်..

နုရင်ထဲမှာ ထိန့်လန့်တုန်လှုပ်ခြင်း စိုးရွံ့ပူပန်ခြင်းတွေနဲ့အတူ နုရဲ့ လက်မောင်းကို ဆုပ်ကိုင်တာကို ခံလိုက်ရတော့ စက်ဆုပ်ရွံရှာလှတဲ့ စိတ်တွေနဲ့ ရှုပ်ထွေးနောက်ကျိလာကာ လူက နေရခက်လှသည်.....

နုက ဒီလူကြီးကို  ဘာမှ ပြန်လုပ်လို့ မရတော့ဘူးလား....  နုကို ခဏခဏ လာထိနေတယ် ပိုင်းပြီးတော့ ရေထဲမှာ မျှောမယ်လို့လည်း ပြောတယ် ခံပြင်းပြီး ဒေါသထွက်ရလွန်းလို့  နုရဲ့ ရင်ဘတ်တွေ မခံနိုင်အောင် အောင့်လာရတော့သည်......

ရင်ဘတ်ကလေးကို ဖိထားနေရင်း အသက်ကို မနည်းရှုနေရာက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ခက်ခဲလာတော့သည်......

အ....

"ကိုကို"

"မေမေ"

"မိချစ်"

"ကိုကို ဘယ်မှာလဲ "

"ကိုကိုရေ"

နု ရင်ဘတ်ထဲက မွန်းကြပ်မောဟိုက်လာတဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး...ပူကနဲ ခံစားလိုက်ရပြီး ဒူးညွှတ်ကာ ခွေကျလာတာကိုသာ နောက်ဆုံး သိလိုက်တော့သည်.......

"ဘုတ်"

ဟင်းတွေ ချက်ပြုတ်ပြီးတော့ ပန်းကန်ထဲကို ခူးထည့်ပြီး စားပွဲပေါ်မှာ အုပ်ဆောင်းနဲ့ အုပ်ထားလိုက်သည်..... ကဲ အားလုံး ပြီးပြီ နုလေးတို့ ပြန်လာရင် ဟင်းရည်လေးပူအောင်နွေးပြီး အဆင်သင့် စားလိုက်ရုံပဲ ......

''ခုနက ကားသံကြားလိုက်တယ် နုလေး ပြန်ရောက်နေပြီ ထင်တယ်"
မိချစ်  တွေးနေရင်း နုလေးတို့အိမ်ကနေ ဟိုဘက်အိမ်ကို ကူးခဲ့လိုက်သည်....

"ဟင်''

နုလေးက ခြံထဲမှာ ခွေခွေလေး လဲကျနေတာကို မြင်လိုက်ရတာမို့ မိချစ် ခေါင်းကြီးသွားရသည်....

"နုလေး'''

''နုလေး''

''နုလေးရေ''

''နုလေး''

''အန်တီစိမ်းရေ မမခေရေ ဒီနားကို မြန်မြန်လာပါဦး"

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now