Part _48

51.1K 1.9K 217
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _48

"ဘယ်လို မေမေ  "

စာဖတ်ခန်းထဲ မိသားစုလိုက်လူစုကြပြီး ဒီနေ့အဖြစ်အပျက်များကို သမီးနှစ်ယောက်အား ဒေါ်စိမ်းမြကြည်ခေါ်ပြောလိုက်လေသည်..

"ဟင်"

"ဟယ်"

"အခု နုလေးက အိမ်ကိုရောက်နေတာလား "

"ဟုတ်တယ် သမီး သူ့အခန်းထဲမှာရှိတယ် မေမေပြန်ခေါ်လာတာ "

"မေမေ​ သမီးတို့ကို ပြောချင်တာက ဒီကိစ္စကိုမေမေက အကြပ်ကိုင်ပြီး သားကိုရော သမီးငယ်လေးကိုရော အနားမှာပြန်ထားမှာ ဒါကြောင့် သမီးတို့နှစ်ယောက်ရဲ့ အပြောအဆို အပြုအမူတွေဆင်ခြင်ကြပါလို့ပြောချင်တယ်"

"ပြီးခဲ့တုန်းကလို ကိစ္စတွေဖြစ်တာ မေမေ မမြင်ချင်ဘူး မောင်နှမတွေစည်းလုံးနေတာပဲမြင်ချင်တာ "

ခေကတော့ မေမေအကြံအစည်အောင်မြင်မှာမဟုတ်ဘူးလို့ထင်မိသည်....
ထိုနေ့က ကိုကြီးရဲ့  အေးစက်နေသောမျက်လုံးများကိုပြန်မြင်ယောင်ရင်း ကြက်သီးတောင်ထသွားလေသည်....
_
_
_
_
_

အိမ်ရှေ့မှာ ရပ်နေရာကနေ သူ့ရင်ခွင်ထဲကို ပြေးဝင်လာတဲ့ ဇနီးချောလေးကို ရင်ဖွင့်ကာ ကြိုလိုက်ပြီး တစ်ကိုယ်လုံးကို သိမ်းကြုံးကာ ထွေးဖက်ထားလိုက်မိတော့သည်.....

"ဘေဘီ''

''ကိုကို''

''ကလေးလေးရယ်''

လူက နုလေးကို အရမ်း စိတ်ပူပြီး လိပ်ပြာလွင့်တော့မတတ် ထိတ်လန့်တုန်လှုပ်နေရတာရော အိမ်ထောင်သက်တမ်း တစ်လျှောက်လုံး တစ်ရက်မပြတ် သူသင်ပေးခဲ့တာတွေကို  နုလေးက အသုံးချတတ်နေတာကို   ကျေနပ်မိတာတွေရော သူလာမယ့်လမ်းကို လှမ်းမျှော်ကြည့်နေတဲ့ မျက်လုံးလေးတွေထဲက ဘာသာစကားကို အလုံးစုံ နားလည်ခံစားမိတာတွေရောနဲ့ ဝမ်းသာဝမ်းနည်းကြည်နူးနေတာတွေရောပြွန်းကာ ရင်ထဲမှာ  ဘယ်လိုကြီး ခံစားနေရတာပါလို့ သူ မပြောပြတတ်အောင် ရှိနေတော့သည်.....

"အားး  ဘေဘီ ကို ကိုကို စိတ်ပူလိုက်ရတာ ဘေဘီရယ်''

သူ့ရင်ခွင်ထဲမှာ နစ်မြုပ်ဝင်သွားတော့
မတတ် ဖြစ်နေရှာတဲ့ နုလေးဟာ သူ ဘာတွေ ဖြစ်နေလဲ ဘယ်လိုတွေ ခံစားနေရလဲဆိုတာ သိနားလည်နေဟန်နဲ့ ငြိမ်ငြိမ်သက်သက်လေး နေပေးရှာလေသည် .....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now