💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _44ဆရာ့အိမ်ကို ရောက်တော့ ဖြစ်ခဲ့သမျှကို သိသွားပြီး အန်တီချိုက နုလေးအကြောင်းကို အခုမှ သေချာသိသွားကာ စိတ်မကောင်း...
"ကလေးက သနားပါတယ် "
အပြင်က ဆရာ့သမီး တည်ငြိမ်အေးချမ်း စိုက်ထားသော စံပယ်ပန်းပင် အနားကနေ နုလေးက မခွာနိုင် ဖြစ်နေလေသည်...
သီဟ နုလေးကို လှမ်းကြည့်လိုက်ရင်း...
"ကျွန်တော် လုပ်ခဲ့တာ မှန်သလားမှားသလား မသိပေမယ့် နုလေးကို ဒီလောင်းရိပ်ဆိုးကြီးထဲကနေ ဆွဲထုတ်ဖို့ပဲ ခေါင်းထဲရှိတယ် "
"မိသားစု ပြဿနာဆိုတော့ ဆရာ မဝေဖန်ချင်ဘူး သား ဒါပေမယ့် မင်းလုပ်တာမှန်ပါ တယ် ...နုလေးသွယ်က တွေ့လိုက်တဲ့ အခါတိုင်း တိုးတက်နေတာ ဆရာ သတိထားမိတယ် "
"ဟုတ်တယ် ဆရာ ကလေးက တိုးတက်လာပြီဆိုရင် ဘာမဟုတ်တဲ့ကိစ္စတွေက လာရှုပ်နေပြီ ဒီတစ်ခါကျတော့ ကျွန်တော်သိက္ခာကိုပါ လာထိတဲ့အပြင် နုလေးကို ကျွန်တော်ရှေ့မှာတင် လက်ပါတာကြီးကျတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူးဆရာ "
"အင်း "
"သမီးလည်း ပြန်မလာသေးပါလား ချို "
"သားဘုန်းဆေးခန်းကိုဝင်ပြီး အတူပြန်လာမယ်လို့ ပြောတယ် အစ်ကို "
ပြောနေတုန်း ဆရာ့သမီးနဲ့ သားမက်က ရောက်လာလေသည်.....
ဆရာက မိတ်ဆက်ပေးတာကြောင့် သီဟတို့ အချင်းချင်း နှုတ်ဆက်လိုက်ကြသည်...
"သမီး မင်္ဂလာဆောင်တုန်းက အစ်ကိုက သီဟကို မဖိတ်ဘူးလား "
"ဖိတ်ပါတယ် ချိုရယ် ဒီကောင်ကြီးက ဟန်းနီးမွန်းဆိုပြီး ပြန်ကို မလာတော့တာလေ "
"နုတို့ ဟန်းနီးမွန်းက တစ်လကြာတယ်လေ
အန်ကယ်ရဲ့ မြိတ်ကိုသွားတယ် ချင်းတောင်ကိုလည်း သွားတယ် နုတို့က မင်္ဂလာလည်း နှစ်ခါဆောင်တာနော် ကိုကို ""ဟုတ်ပါတယ်ဗျာ"
နုလေးပြောတာကို အားလုံးက ပြုံးကာနားထောင်နေလေသည်....
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...