Chapter 2

2.1K 164 0
                                    

အခန်း ၂ - လယ်ယာလုပ်ငန်းခွင်

အခန်းအပြင်ဘက်တွင် ဆူညံလျက်ရှိပြီး  ခပ်မှောင်မှောင် အခန်းအတွင်း၌ ချင်လင်လင်၏ နှလုံးသားက နဂိုထက်ပို၍ တိတ်ဆိတ်လို့နေပါ၏။

မူလကိုယ် လက်ထပ်ထားသော မိသားစုတွင် ကုယောင်အပြင် အခြားသော ယောင်းမနောက်တစ်ယောက်လည်း ရှိသေးသည်။ ပြောရမည်ဆိုလျှင်ဖြင့် ဤမိသားစုက အနည်းငယ် ရှုပ်ထွေးလေသည်။ သူ့ခင်ပွန်း ကုကျန်းက ဤမိသားစုမှ မွေးဖွားလာခြင်းမဟုတ်ဘဲ တောင်တန်းများရှိရာအရပ်ဆီမှ သူ့ဖခင် ကုတရွှမ်းနှင့် ပထမဇနီးကျောက်အဲ့တို့က ကောက်ယူမွေးဖွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုအကြောင်းအရာအား သိရှိသူအများအပြားမရှိပါ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ကျောက်အဲ့မှာ ကိုယ်ဝန်ဆောင်နေခဲ့သော ကာလဖြစ်သောကြောင့်ပင်။ သို့သော် ထိုကိုယ်ဝန်က အဖတ်မတင်ခဲ့ပေရာ ကုကျန်းကိုသာ သားအရင်းအဖြစ် မွေးစားခဲ့ကြပေသည်။

နောက်ပိုင်းတွင် ကျောက်အဲ့က ထပ်မံ၍ ကိုယ်ဝန်ရှိလာပြီးနောက် ကုယောင်ဟု ခေါ်တွင်သော မိန်းကလေးအား မွေးဖွားပေးခဲ့သည်။

ကျောက်အဲ့သည် ကျန်းမာရေးချို့တဲ့သူဖြစ်ရာ ကုယောင်တစ်နှစ်သမီး အရွယ်အရောက်တွင် ကွယ်လွန်သွားရှာသည်။

သူ့ဇနီးကွယ်လွန်သွားပြီးနောက် ကုတရွှမ်းက သူ့ကလေးငယ်နှစ်ယောက်အား စောင့်ရှောက်သူဖြစ်လာစေရန် လက်ရှိဇနီးဖြစ်သူ လီတနီကို ထပ်မံလက်ထပ်ခဲ့သည်။

ကုတရွှမ်းနှင့် လီတနီတို့က လက်ရှိအိမ်ထောင်တွင် သားတစ်ဦးနှင့် သမီးတစ်ဦး မွေးဖွားထားလေသည်။ သူတို့၏သားဖြစ်သူ ကုကွားချန်းက ၁၆ နှစ်ဖြစ်ကာ အငယ်ဆုံးသမီးဖြစ်သူမှာ ၁၄ နှစ်ဖြစ်ပြီး နှစ်ယောက်လုံးက အပျင်းကြီးသူများဖြစ်ကြသည်။ သူတို့သည် အစ်ကိုနှင့်အစ်မအပေါ် အရိုအသေမဲ့ကာ မိဘများအားကိုးဖြင့် အနိုင်ကျင့်တတ်ကြသေးသည်။

မိထွေးဖြစ်သူ လီတနီမှာမူ အမှန်တကယ်ပင် ဒုက္ခအပေးဆုံး ဆွေမျိုးတော်စပ်သူတစ်ယောက်ပါပင်။

စာအုပ်ထဲတွင် မူလကိုယ် ဆိုးသွမ်းသွားရသည်မှာ ကုမိသားစု၏ တွန်းအားကြောင့်လည်းဖြစ်ပေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now