Chapter 48.1

499 72 0
                                    

အခန်း ၄၈.၁ - ဂျင်းစွပ်ပြုတ်ရည်

ကုကျန်း၏ အမြန်အဆန်ပြန်ရောက်လာမှုက ချင်လင်လင်အား အံ့အားသင့်သွားစေလေသည်။

သူ(မ)သည် အလျင်အမြန် တည်ကြည်သော အကြည့်တစ်ရပ်အဖြစ် အသွင်ပြောင်းကာ မေးမြန်းလိုက်သည်။ "ရှင် ... အဝတ်လဲပြီးသွားပြီလား။"

ကုကျန်းက ခေါင်းညိတ်ပြသည်။ "အဝတ်လဲဖို့က အချိန်အကြာကြီး မလိုပါဘူး။"

ချင်လင်လင် တွေးတောနေသည့်အရာအား သူက အဘယ်ကြောင့် သိနေရပါသနည်း။

အိုးအတွင်းရှိ ရေနွေးများက ပွက်ပွက်ဆူလာပြီး ကုကျန်းက အရှေ့တိုးကာ ကြည့်လိုက်သည်။ "မင်း ခန္ဓာကိုယ် နွေးသွားအောင် အရင်ဆုံး ရေချိုးလိုက်။"

"အာ... ကောင်းပါပြီ။"

ချင်လင်လင်က လက်ဖျားကလေးပင် မလှုပ်ရှားရသေးခင်မှာပင် ကုကျန်းက ရေနွေးများအား ရေချိုးဆောင်အတွင်းသို့ သယ်ဆောင်သွားလေပြီဖြစ်၏။

ချင်လင်လင် ရေချိုးပြီး၍ ထွက်လာသည့်အခါ ကုယောင်လည်း ပြန်ရောက်နေပြီဖြစ်သည်။ ခုဇူးမြစ်များပါသည့် ခြင်းတောင်းအပြင် ကုကျန်း၏ လွယ်အိတ်ဖြစ်ဟန်တူသည့် အိတ်တစ်လုံးလည်း ပါလာလေသည်။

ကုကျန်းသည် ရှေ့တိုးသွားကာ သူ့ညီမထံမှ သူ့လွယ်အိတ်အား ယူလိုက်သည်။ ကြည့်ရသည်မှာ ကုကျန်းသည် အိမ်မပြန်ရသေးခင် ရွာသို့ရောက်ရောက်ချင်းမှာပင် ရေထဲခုန်ဆင်းခဲ့ရဟန်တူပေသည်။

ချင်လင်လင်သည် ကုကျန်းပြန်လာသည့် နှစ်ကြိမ်လုံးတွင် မတော်တဆ အန္တရာယ်ကြုံခဲ့ရသည်။ သူတို့နှစ်ဦးအကြားတွင် ဆက်နွယ်မှု တစ်စုံတစ်ရာများ ရှိနေပါသည်လောဟု သူ(မ) တွေးတောနေမိလေသည်။

သို့သော်လည်း သေချာ သဘောပေါက် နားလည်နိုင်ခြင်း မရှိသေးခင်တွင် ကုကျန်းက ချင်လင်လင်သည် သူ့အား ကြည့်နေကြောင်း တွေ့သွားသည်။

ချင်လင်လင်လည်း ရုတ်တရက် ခေါင်းမော့ကာ အကြည့်လွှဲလိုက်ပြီး ကူညီပေးရန် ရှေ့တိုးလာလေသည်။

ကုယောင်က သူ(မ)အား ပြောနေလေသည်။ "ယောင်းမ နင် အခုမှ ရေချိုးပြီးသွားတာ။ လေတိုက်မခံနဲ့ဦး။"

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now