Chapter 27

1.1K 116 0
                                    

အခန်း ၂၇ - ကောလိပ်ဝင်ခွင့်စာမေးပွဲ

ချင်လင်လင်သည် ကုကျန်း၏အနောက်သို့လိုက်ကာ အခန်းအတွင်း ဝင်သွားရာ လီတနီနှင့်ကုချွန်းဟွားတို့အား တွေ့မြင်လိုက်ရသည်။

အစောပိုင်းက မာနကြီးမောက်မာလှသော ပုံစံများနှင့်မတူညီစွာ လီတနီနှင့် ကုချွန်းဟွားတို့သည် အတော်ကလေးပင် ခြောက်ခြားတုန်လှုပ်နေကြသည်။

ဤတစ်ကြိမ် ကုကျန်းသည် သရဲတံခါးဝမှပြန်လာပြီးသည့်နောက် သူ၏စိတ်နေစိတ်ထားက လုံးဝပြောင်းလဲသွားကြောင်း သူတို့အားလုံး ရိပ်မိကြပါ၏။

သူသည် အကြည့်များ စိမ်းသက်သက်ကြည့်လေ့ရှိခဲ့ပါသော်လည်း သူတို့က ကုယောင်အား အနိုင်ကျင့်သည်မျိုးမရှိလျှင် အကြင်သူက မိသားစုတွင်းကိစ္စများအား အာရုံစိုက်လေ့မရှိဘဲ အရာအားလုံး အဆင်ပြေပြေရှိနေလိမ့်မည်ဖြစ်သည်။ ထို့အပြင် ကုကျန်းသည် တစ်ခါတစ်ရံတွင် သူတို့အား စကားတစ်ခွန်းနှစ်ခွန်း ဝင်ပြောပြီး ငွေတချို့ပေးတတ်ပြန်သည်။ တစ်ခါတစ်ရံ လီတနီသည် ကုတရွှမ်းအား ယုတ်ညံ့စွာပြောပြီး မောင်းထုတ်တတ်သော်လည်း ကုကျန်းသည် သူတို့နှင့်အတူ ငြင်းခုံရန်ဖြစ်ရန် ပျင်းရိလွန်းသည့်ဟန်ဖြင့် ငွေအနည်းငယ်ထုတ်ပေးတတ်သည်။

သို့သော် ယခုအခါ ငွေကြေးမဆိုပါနှင့် ကုကျန်းသည် သူတို့အား မျက်နှာသာပင် မပေးတော့ပါချေ။ ထို့အပြင် ယခုအခါဆိုလျှင် မိသားစုပင် ခွဲလိုက်ချေပြီဖြစ်သည်။

လီတနီသည် စိတ်တိုလွန်း၍ သွားများပင် အံတကြိတ်ကြိတ်ဖြစ်နေရသည်။ သို့သော် သူ(မ)သည် ထိုအကြင်လင်မယားအတွက် ပစ္စည်းတစ်ခုတစ်လေတောင် မပေးပါဘဲ အိမ်ရှိပစ္စည်းများအား သိမ်းဆည်းသယ်ဆောင်ထားယုံမှလွဲ၍ သူ(မ)တတ်နိုင်သည့်အရာမျိုး မရှိတော့ပါချေ။

ဆန်စပါးသိုလှောင်ထားရာ တောင်းကြီးများနှင့် ပုံးများ ဗီရိုထဲမှ တစ်ခုပြီးတစ်ခု ရွှေ့သွားသည်ကို ကြည့်နေရင်းဖြင့် လီတနီသည် မြေပြင်ပေါ်တွင် ကျကျန်နေခဲ့သည့် စပါးစေ့ကလေးများမှအစ ကောက်ယူချင်နေမိပြီး အနည်းငယ်မျှပင် ကျန်နေရစ်ခဲ့မနေစေလိုပေ။ တစ်ပါးသူမှ လုယူသွားမည်အား စိုးရိမ်ထိတ်လန့်နေသည့်အတိုင်းပင်။ ချင်လင်လင်သည် တွေးထင်ထားသည့်အတိုင်းပင် မျက်နှာပင် ရှုံ့တွကာနေမိပါ၏။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now