Chapter 42

179 36 0
                                    

အခန်း ၄၂

ယန်ချင်နှင့် လမ်းခွဲပြီး၍ အိမ်ပြန်ရောက်သည်နှင့် ချင်လင်လင်က အသီးအရွက်ခူးသည့် ခြင်းတောင်းကို ကိုင်ကာ တောင်ပေါ်တက်ရန်သွားလေပြီး ကုယောင်ကလည်း ခြင်းတောင်းတစ်ခုယူလျက် အနောက်မှ လိုက်လာသည်။

ကုယောင်သည် လီတနီအား ဆန့်ကျင်ပြီး အိမ်အလုပ်များမလုပ်တော့ဘဲ စာလေ့လာရန်အချိန်ယူတော့မည်ဖြစ်ကြောင်း ပြောခဲ့သည့်အချိန်မှစ၍ သူ(မ)က ပို၍ သတ္တိကောင်းလာ၏။ ယခင်ကဆိုလျှင် နေ့လည်ပိုင်းတွင် အလုပ်သွားလုပ်ရသည်သာမက အလုပ်မှပြန်ရောက်၍ အိမ်သို့ရောက်သည့်အခါတွင်လည်း အိမ်အလုပ်များအား လုပ်ပေးရတတ်သည်။ ယခုအခါ ပင်မအိမ်မှ အလုပ်များအား မိထွေးနှင့် ကုချွန်းဟွားတို့အတွက် ပို၍ချန်ထားလေသည်။

ချင်လင်လင်က သူ(မ)အား ကိုယ်ပိုင်အချိန်အများအပြားယူရန်နှင့် အိမ်အလုပ်များအား အလုပ်မရှိသောသူတို့လုပ်ကိုင်ရန် ချန်ထားသင့်ကြောင်း အမြဲတိုက်တွန်းတတ်သကဲ့သို့ ကုယောင်သည်လည်း နောက်ဆုံးတွင်တော့ သူ(မ)ဘဝတွင် သတ္တိအရှိဆုံးဟုဆိုနိုင်သည့် ခြေလှမ်းကို စလှမ်းကာ ထိုပြောဆိုတိုက်တွန်းချက်အတိုင်း လိုက်နာခဲ့သည်။

ကုယောင်သည် ခြင်းတောင်းကိုင်လျက် ချင်လင်လင်နောက်လိုက်ရန်ပြင်နေစဉ်တွင် လီတနီက အလျင်စလိုထွက်လာပြီး သူ(မ)လက်အား လမ်းဆွဲလိုက်သည်။ "နင် ဘယ်သွားမှာလဲ။ အပြင်က ပြန်လာပြီးကတည်းက ငါစကားပြောတာကိုတောင် နားမထောင်ရသေးဘူးမဟုတ်လား။ နင် တစ်နေကုန် ဘယ်တွေသွားနေတာလဲ။"

ကုယောင်သည် စာလေ့လာရန်အချိန်ယူချင်သည်ဟု ပြောဆိုခဲ့သည့် အချိန်မှစ၍ သူ(မ)က အိမ်အလုပ်များအား ဂရုမစိုက်တော့ပေ။ လီတနီသည် သူ(မ)၏ အခွင့်အရေးများအား ဆုံးရှုံးသွားရသည်။ သူ(မ)က အခွင့်ကြုံသည်နှင့် ဒေါသပုံချရန် တစ်စုံတစ်ယောက်အား ရှာဖွေဆူပူကြိမ်းမောင်းလေတော့သည်။

မကြာသေးမီက ချင်လင်လင်ဆိုသည့် မိန်းမက မူလတန်းကျောင်းတွင် သွားရောက်စာသင်ပေးရလေသည်။ ထိုအခါ ကုတရွှမ်းကလည်း စာလေ့လာခြင်းက ကောင်းမွန်သောအရာဖြစ်ပြီး စာတတ်မြောက်ပါက လယ်ကွင်းထဲတွင် ပင်ပင်ပန်းပန်း အလုပ်လုပ်စရာမလိုတော့ဟု တွေးမိကာ ကုယောင်က စာကောင်းကောင်းလေ့လာခြင်းဖြင့် နောင်တစ်ချိန်တွင် သင်ကြားရေးဆရာမ ဖြစ်လာနိုင်သည်ဟု ထင်နေလေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now