Chapter 41

274 34 0
                                    

အခန်း ၄၁ - ဆွံ့အမှင်သက်

ကုယောင်သည် စာအိတ်အတွင်းမှ စာစောင်အား ထုတ်လျက် လမ်းလျှောက်လာရင်း အော်ပြောလိုက်လေသည်။

"ယောင်းမ စာတစ်စောင်ရောက်တယ်။ အစ်ကိုကြီးက ကျွန်မတို့ကို ပိုက်ဆံပို့လိုက်တယ်။ ဒီမှာ ဒီမှာ…"

ကုယောင်သည် စာစောင်နှင့်အတူ ရစ်ပတ်ထားသည့် ပိုက်ဆံများအား သူ(မ)ထံ ကမ်းပေးလေသည်။

ပိုက်ဆံပါစာအိတ်၏ အထူအား ထိကိုင်မိသောအခါ ချင်လင်လင်က ရေရွတ်လိုက်မိသည်။ "ဘာလို့ အိမ်ကို ပိုက်ဆံတွေ ထပ်ပို့ရပြန်တာလဲ။ အိမ်မှာ ပိုက်ဆံရှိသေးတယ်လို့ ပြောထားတဲ့ဟာကို။"

ဤခေတ်တွင် ဘဝနေထိုင်မှုက နောင်မျိုးဆက်များထက် ပိုမိုခက်ခဲသည်ဆိုပါသော်လည်း ကုကျန်းနှင့် ကုယောင်တို့ရှိနေသည့် ချင်လင်လင်၏ ဘဝကတော့ သိပ်ခက်ခဲခြင်းမျိုးမရှိပေ။

ကုယောင်က ဟာသလုပ်နေလေသည်။ "ဘာလို့လဲဆိုတော့ အစ်ကိုကြီးက နင့်ကို အရမ်းချစ်လို့လေ။ ယောင်းမ အစ်ကိုကြီးက အများကြီး ထုတ်မပြောတတ်ပေမဲ့ သူချစ်တဲ့သူအတွက်ဆို ရာနှုန်းပြည့်ဂရုစိုက်ပေးတတ်တယ်။ သူက နင့်အတွက် အရမ်းခက်ခဲတယ်ထင်လို့ စိတ်မကောင်းဖြစ်ပြီး ပိုက်ဆံတွေ လွှဲပေးလိုက်တာ ဖြစ်ရမယ်။"
ချင်လင်လင်သည် ယောင်းမ၏ ဟာသက လုံးဝအဓိပ္ပာယ်မရှိဟု ခံစားရလေသည်။

ချင်လင်လင်က ပြောလိုက်လေသည်။ "သူက ငါ့ကိုဂရုစိုက်တာဖြစ်ပါ့မလား။ ငါတို့က မိသားစုခွဲပြီးပြီမို့ ဘယ်လိုပဲဖြစ်ဖြစ် ငါက အဆင်ပြေတယ်။ ဒါပေမဲ့ နင်ကတော့ သူတို့နဲ့အတူနေရတာဆိုတော့ ပိုက်ဆံအဆင်မပြေနိုင်ဘူး။ နင့်အစ်ကိုက နင် ငွေမရှိလို့ ဆာလောင်နေရမှာကို စိုးရိမ်လို့နေမှာပေါ့။"

"မဟုတ်ပါဘူးနော်။ အစ်ကိုကြီးက နင့်ကို စိုးရိမ်နေတာပါ။ ဒါကြောင့် ငါ့ကို ရမယ်ရှာအမည်တပ်မနေပါနဲ့တော့ ယောင်းမရေ။"

ထိုမိန်းကလေး၏ စကားဖြတ်လိုက်ပုံက ချင်လင်လင်အတွက် ရှေ့ဆက်ပြောရန် ခက်လှပေသည်။ သူ(မ)သည် ပုံမှန်အားဖြင့် ကုကျန်း၏ စိတ်နေစိတ်ထားအား နားမလည်သေးပေ။ ကုကျန်းအား ဤသို့ပြုမူစေသည်မှာ သူ၏ ကိုယ်ပိုင်အသိစိတ်ဖြင့် တာဝန်ကျေပွန်အောင် လုပ်ဆောင်တတ်သည့် စိတ်နေစိတ်ထားဖြစ်နိုင်သည်ဟုသာ သူ(မ) ထင်မြင်မိလေသည်။
သို့သော် ထိုသို့သော အပြုအမူက အဘယ်ကြောင့်များ သူ(မ)၏ နှလုံးသားအား နွေးထွေးစေပါသနည်း။ သူ(မ)က အချိန်အတော်ကြာမျှ တစ်ကိုယ်တည်းဖြစ်နေခဲ့သောကြောင့် အထီးကျန်နေခဲ့သည်များလော။
လမ်းတွင်လည်း ကုယောင်သည် ချင်လင်လင်အား သူ(မ)အစ်ကိုကြီးပို့လိုက်သော ပြန်စာတွင် မည်သည့်အကြောင်းအရာများရေးသားထားကြောင်း ဖွင့်ကြည့်ကြရန် ပြောဆိုတိုက်တွန်းနေပြန်သည်။ ချင်လင်လင်က သဘောမတူဘဲ ပြန်ရောက်မှသာ ဖွင့်ဖောက်ဖတ်ရန် သဘောတူလေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now