Chapter 58.2

304 49 0
                                    

အခန်း ၅၈.၂ - နှစ်ခြိုက် သဘောကျမှု

"လမ်းလျှောက်လာရတော့ ပင်ပန်းနေမှာပေါ့။ ခဏလောက် ထိုင်ကြရအောင်။ ရှန်းကျီ မင့်ဇနီးနဲ့ သရေစာလေး စားပြီး လက်ဖက်ရည်ကြမ်း အတူသောက်လိုက်ကြဦး။ လျှောက်မသွားနဲ့တော့။"

ဖွားဖွားကျောက်က ရုတ်တရက်ကြီး ဂရုစိုက်လာမှုကြောင့် ချင်လင်လင်မှာ မနေတတ် မထိုင်တတ်ဖြစ်လာရသည်။

"ဖွားဖွား ကျွန်မ အဆင်ပြေပါတယ်။ အလုပ်မရှိတာမို့ ဖွားဖွားတို့ မြေပဲခွံနွှာတာကို ကူပေးမလို့ပါ။"

"ရတယ် ရတယ်။ မင်းက ဘာလို့လုပ်မှာလဲ။ မင်းအန်တီက သူ့ဘာသာ လုပ်နိုင်ပါတယ်။"

အမယ်အိုက ပြောနေသည့်အချိန်တွင် အပြင်ဘက်၌ မြေပဲခွံနွှာနေသည့် လီယွီက မြေပဲများဖြင့် အိမ်အတွင်း ဝင်လာပြီး ပြုံးလျက်ပြောလေသည်။ "မြေပဲအခွံမနွှာပါနဲ့။ ကိုယ့်ကိုယ်သာ နေပါ။ အခွံနွှာလို့ ပြီးတဲ့အချိန်ကျရင် စားကြစို့။ မင်းတို့လည်း ဗိုက်ဆာနေလောက်ရောပေါ့။"

လီယွီသည် အပြင်ဘက်သို့ ထပ်မံလှည့်ကြည့်လိုက်သည်။ "ကြည့်ပါဦး မင်းဦးလေးတို့က အပြင်ထွက်သွားကြတာ ကြာပြီကို အခုချိန်ထိ ပြန်မလာကြသေးဘူး။ အဲဒီတောဝက်က အခုချိန်ထိ အသားပေါ်လို့ မပြီးကြသေးတာများလား။"

ကျောက်ကွားဟွားတို့ မိသားစု ထွက်သွားပြီးသည့်နောက်တွင် ကျောက်ကျန်းယုံက သူ၏သားနှင့်အတူ အပြင်ထွက်သွားပြီး အသားပေါ်သည့်နေရာတွင် သူကခေါင်းဆောင်လုပ်ရမည်ဟုဆိုကာ အခုချိန်ထိ ပြန်မလာကြသေးပေ။

"မင်း ဘယ်သူ့ကို ပြောနေတာလဲကွ။" လီယွီ စကားပြောလို့ပြီးချိန်တွင် သူ(မ)၏ ခင်ပွန်းက လက်အတွင်း အကောင်းစား ဝက်သားတွဲများတစ်ချို့ ကိုင်လျက် လာလေသည်။

"အိုး... ရှင် ပြန်လာပြီပဲ။" လီယွီက ဟစ်အော်လိုက်ပြီး အလျင်အမြန် သူ့အား နှုတ်ဆက်လိုက်သေး၏။

ချင်လင်လင်ကလည်း သိလိုစိတ်ဖြင့် သူ(မ)နောက်သို့ ကြည့်လိုက်လေသည်။

ဤသည်က သူ(မ)အတွက် တောဝက်ရိုင်းကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ဝက်သားအရေခွံအားလုံးမှာ မည်းနက်နေပြီး သူ(မ) ပုံမှန်ဝယ်စားနေကျဖြစ်သည့် ဝက်အရေခွံကတော့ လုံးဝကွဲပြားစွာ ဖြူဆွတ်ဆွတ်ဖြစ်ပေသည်။ ထို့အပြင် တောဝက်သားတွင် အမွှေးတစ်ချို့ ရှိနေသေးဆဲဖြစ်ပြီး ကောင်းစွာ မရိတ်သင်ရသေးပေ။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now