အခန်း ၄၆.၁ - သွန်သင်ဆုံးမ
သမီးယောင်းမနှစ်ယောက်သား ထွက်သွားကြသည်နှင့်တစ်ပြိုင်နက် လီတနီသည် လေလျော့သွားသော ဘောလုံးကဲ့သို့ တရစပ် ကြိမ်းမောင်းဆဲဆိုလေတော့သည်။
သမီးယောင်းမနှစ်ယောက်သည် တစ်ဖက်အိမ်အတွင်းသို့ ဝင်ရောက်လာပြီးသည့်နောက် ကုယောင်သည် အပြစ်ရှိသကဲ့သို့ ခံစားနေရဆဲဖြစ်သည်။ "ယောင်းမ ငါ တကယ်ကြီး နင်နဲ့အတူ နေရမှာလား။ ဒါမှမဟုတ် နင် အန်တီတနီကို စိတ်တိုအောင် တမင်ပြောလိုက်တာလား။"
ကုယောင်သည် သူ(မ)က ယောင်းမ မိသားစုနှင့်အတူ နေရမည်ဆိုသည်ကို ကြားခါစက သူ(မ) မည်မျှအထိ ပျော်ရွှင်သွားရကြောင်း ဘုရားသခင်သာ သိပေလိမ့်မည်။
အကယ်၍ ယောင်းမကသာ သူ(မ)မိသားစုအတွင်းသို့ သူ(မ)ကိုပါ ထည့်သွင်းလိုက်မည်ဟု ဆိုပါလျှင် အန်တီတနီက အပြင်လျှောက်သွားကာ ယောင်းမက ဘာဖြစ်သည် ညာဖြစ်သည်ဆိုကာ အပြစ်တင်ပြောဆိုလျက် အတင်းအဖျင်းပြောဦးမည်မှာ အသေအချာပင်ဖြစ်ပါ၏။ ဤသို့အားဖြင့် ယောင်းမအတွက် ပိုမိုခက်ခဲလာပေလိမ့်မည်။
ကုယောင်၏အတွေးများအား သူ(မ)၏ မျက်ဝန်းများအတွင်း ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည့်အတွက် ချင်လင်လင်က ပြုံးလိုက်သည်။ "ယောင်ယောင် စိတ်မပူပါနဲ့။ ငါ ဒီလိုပြောမှတော့ သေချာပေါက် ဒီလိုလုပ်မှာပေါ့။ ငါ စနောက်ပြောဆိုနေတာ မဟုတ်ဘူး။ ဟိုးအစောပိုင်းကတည်းက နင့်အစ်ကိုက နင့်ရဲ့ အိမ်ထောင်စုအမည်စာရင်းကို ငါတို့မိသားစုမှာ တမင်တကာ ထည့်ထားပြီးသားပါ။ တစ်ရက်ရက်ကျရင် နင့်ကို အဲဒီမိသားစုကနေ ခေါ်ထုတ်လာရုံပါပဲ။"
ကုယောင်က နားလည်မှုလွဲသွားမည်ကို ချင်လင်လင်က စိုးရိမ်မိသဖြင့် ထပ်ပြောလေသည်။ "အဲဒီလူက နင့်အဖေဆိုပေမဲ့လည်း နင်မှာ မိထွေးရှိလာပြီးကတည်းက အဲဒီလူက ပထွေးဖြစ်လာပြီဆိုတာကို နင်သေချာ နားလည်ထားသင့်တယ်။ နင့်ရဲ့ အစ်ကိုကြီးက အိမ်မှာ အချိန်တိုင်းမရှိဘူး။ ပြီးတော့ သဘာဝကျကျပဲ နင့်အဖေက ကုကျန်းကို ကွယ်လွန်သူဘိုးဘေးတွေကို အမွှေးတိုင်ပူဇော်ခွင့်မပေးဘူး။" (*T.N// သားအရင်းကဲ့သို့ အသိအမှတ်မပြု)
![](https://img.wattpad.com/cover/371795554-288-k367696.jpg)
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...