အခန်း ၁၈ - ငြင်းပယ်ခြင်း
ချင်လင်လင်သည် သဘာဝကျစွာပင် ကုကျန်း၏ မိသားစုခွဲထွက်မည့် အစီအစဉ်အား လက်ခံပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးသားသည် တစ်လှေတည်းစီးနေကြသည့်သူများဖြစ်သွားပေပြီ။ သူ(မ)အနေဖြင့် ကုမိသားစုနှင့် ရောရောနှောနှော ဆက်နွယ်ပတ်သက်ခြင်းမပြုလိုပါမူ မိသားစုခွဲထွက်ရန်သာ လုပ်ရပေလိမ့်မည်ဖြစ်သည်။
မိသားစုခွဲထွက်မည့်အကြောင်း ပြောဆိုတိုင်ပင်ရသည်က လွယ်ကူသည့်ကိစ္စပင်။ ချင်လင်လင်အတွက် အဓိကအရေးကြီးနေသည့်အကြောင်းမှာ... ယခုည သူတို့ အိပ်ကြတော့မည်။ ဤအခန်းအတွင်း၌ ကုတင်တစ်လုံးသာရှိသည်။ သူတို့ မည်သို့အိပ်ကြပါမည်နည်း။
ကုကျန်းသည် ချင်လင်လင်က မည်သည့်အရာအား တွေးတောနေကြောင်း ရိပ်မိသိရှိဟန်တူသည်။ "အခန်းထဲက ကုတင်က အရမ်းသေးလွန်းတယ်။ ဒီည ငါ ကွားချန်းရဲ့အခန်းမှာ သွားအိပ်လိုက်မယ်။ မနက်ဖြန်မှ ပိုကြီးတဲ့ကုတင်တစ်လုံးကို ဝယ်ဖို့ တစ်ယောက်ယောက်ကို မှာလိုက်ပါ့မယ်။"
ကုကျန်းသည် ထိုမျှသာပြောဆိုလျက် ထွက်သွားလေပြီး အခန်းအတွင်း၌ အံ့ဩနေသော ချင်လင်လင်ကို တစ်ယောက်တည်းချန်ထားရစ်ခဲ့လေသည်။
ကုကျန်းအနေဖြင့် ကုကွားချန်းအား သူ့အိပ်ခန်းတွင် အိပ်ရန် မည်သို့တောင်းဆိုလိုက်မည်ကိုမူ ချင်လင်လင် မသိပါချေ။ မည်သို့ပင်ဆိုစေ ယခုအခါတွင် ကုကွားချန်းသည်လည်း အိမ်၌ရှိသည်မဟုတ်ပါပေ။ သို့သော် တစ်ဖက်ခန်းရှိ လီတနီသည် ကုကျန်းက ကုကွားချန်း၏အခန်းအား အခွင့်အရေးယူရန်လုပ်နေသည်ကို သေချာရှင်းလင်းစွာ ကြားသိလိုက်ရသည်။
သို့သော်ငြားလည်း ကုကျန်းသည် ဤအခန်းအတွင်း၌ သူ(မ)နှင့်အတူ ရှိမနေဘူးဆိုလျှင်တောင် ချင်လင်လင်သည် ကောင်းစွာအိပ်စက်၍ မပျော်နိုင်အောင် ရှိနေလေသည်။
အခန်းအား သူ(မ)ကိုယ်တိုင် သန့်ရှင်းရေးလုပ်ပြီးပါသော်လည်း အခန်းအတွင်း၌ မှိုနံ့များနှင့် အနံ့ဆိုးများက ထောင်းထောင်းထလျက်ရှိချေသေးသည်။ သို့ဖြစ်ပါ၍ ချင်လင်လင်သည် ကောင်းစွာ အိပ်မပျော်နိုင်ပေ။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...