အခန်း ၄ - သံသယ
စားဖိုဆောင်သည် သိပ်မဝေးပေ။ ပညာတတ်အမျိုးသမီးငယ်တို့ စားဖိုဆောင်သို့ရောက်သောအခါ ချင်လင်လင်နှင့် ဖုရှောင်ယွဲ့တို့မှာ သူတို့စားစရာများကို ပြင်ဆင်ပြီး၍ စတင်စားနေကြပေပြီ။
သာမန်ဟင်းသီးဟင်းရွက်နှစ်ခွက်၊ ဝက်သားပြုတ်တစ်ခွက်နှင့် ဝါညိုရောင်ထမင်းတစ်ပွဲဖြင့်ပင် စားတော်ပွဲကြီးတစ်ခု ဖြစ်လို့နေပါ၏။ ဆန်လုံးညိုညို၏ အဝါရောင်ကပ်ညိနေပါသော ပြင်ပရောင်ဝါသည် မည်သို့ပင်ဆေးကြောသည်ဖြစ်စေ မပြောင်နိုင်သည့်အပြင် ထူးဆန်းသည့် အနံ့အသက်ကလည်း ပါရှိနေသေးသည်။ ချင်လင်လင်၏ မူလဘဝ နေထိုင်မှုမျိုးနှင့်သာဆိုလျှင် ဤကဲ့သို့သော ဆန်အမျိုးအစားမှာ ကြက်ကျွေးဖို့ရန်သာ အသင့်တော်ဆုံးဖြစ်သည်။ ဝက်သားပြုတ်ဆိုသည်ကလည်း သာမန်ကာလျှံကာ ချက်ပြုတ်ထားခြင်းသာဖြစ်၏။ ထို့ပြင် သူ့ရှေ့က ဟင်းသီးဟင်းရွက်ချက်နှစ်ခွက်ကလည်း ဆီများလွန်းနေသေးသည်။
ဟိုးအရင်က အစားအသောက်ကောင်းမျိုးစုံကို မြည်းစမ်းစားသောက်ခဲ့ဖူးပါသော ချင်လင်လင်အတွက်မူ ဤအစားအစာများက အင်မတန်မှ ဆိုးဝါးလှပါ၏။
သို့သော်လည်း လွန်ခဲ့သော ၃ ရက်လုံးလုံး ကုမိသားစုအိမ်ဝယ် နာမကျန်းဖြစ်နေခဲ့ရသည့်အပြင် ကောင်းမွန်သည့်အရာ တစ်ခုမှ မစားခဲ့ရပေ။ အကောင်းမွန်ဆုံးဟု ဆိုနိုင်သောအရာမှာ ကုယောင်က သူ့အတွက် တိတ်တဆိတ် ပြုတ်ပေးကာ အခွံနွှာပေးခဲ့သော နူးနူးညံ့ညံ့ဖြင့် ရနံ့မွေးကြိုင်လှသည့် ကြက်ဥပြုတ်သာဖြစ်ပါ၏။ ထိုအိမ်မှ အခြားအရာများနှင့် ယှဉ်လျှင် ဤသည်ကသာ အရိုးရှင်းဆုံးနှင့် အရသာအရှိဆုံးဖြစ်သည်။
ယခုအခါ အသားနှစ်တုံးနှင့် ဝါညိုရောင်ထမင်းတို့ဆီမှ ထွက်ပေါ်နေသော ရနံ့က ချင်လင်လင်အတွက် ကောင်းမွန်လေတော့၏။
ဤခေတ်ကာလက နေ့ရက်များတွင် ထမင်းစားနိုင်သည်ကပင် အံ့ချီးစဖွယ်ဖြစ်နေလေပြီ။ အများအားဖြင့် လယ်ယာလုပ်ကိုင်သူတို့က ယာဂုသာ စားလေ့ရှိကြသည်။ ကန်စွန်းဥများကို ယာဂုအတွင်းသို့ရောထည့်ကာ ကျိုလေ့ရှိကြပြီး ဆန်စေ့နည်းနည်း ကန်စွန်းဥများများထည့်ကြပြီး ဤအတိုင်းသာ အဓိကအာဟာရအဖြစ်သုံးဆောင်ကြပြီး ထိုမျှနှင့်ပင် တော်တော်ကောင်းမွန်နေပြီဖြစ်၏။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...