အခန်း (၂၈) - ခေါင်းဆောင်၏ဇနီး
ချင်လင်လင်သည် ကုကျန်းအား လာခေါ်သည့် တပ်ရင်းမှကားက သူတို့ရှေ့ ဖြတ်လာသည်အထိ မည်သည့်အရာများ ဖြစ်နေကြောင်း သတိမမူမိပေ။ ကုကျန်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲများအကြောင်းအား မှန်းဆချက်တစ်ခုဟူ၍ ပြောသွားခဲ့သည်။
သို့သော်လည်း ဤသည်က အမှန်တကယ်သိနေ၍ဖြစ်စေ၊ ခန့်မှန်းချက်တစ်ခုသာဖြစ်စေ ကုကျန်း၌ ဤသို့ ရှေ့ရေးကို ကြိုတင်မှန်းဆထားနိုင်သည်က ကောင်းမွန်လှပေသည်။ အနည်းဆုံးအားဖြင့် နောင်တွင် ဤကိစ္စရပ်နှင့်ပတ်သက်၍ နှစ်ဦးသားဆွေးနွေးကြသည့်အခါ ပို၍ပုံမှန်ဆန်သော အကြောင်းအရာတစ်ရပ်ဖြစ်လာလိမ့်မည်ပင်။
ကျောက်ကျန်းနှင့် လျိုယွမ်ဟွေ့တို့သည် အဝေးမှနေ၍ ကားကလေးမောင်း၍ သူတို့အနီးသို့ လာကြလေသည်။ ထို့နောက် သူတို့ခေါင်းဆောင်၏ နံဘေးတွင် အမျိုးသမီးနှစ်ယောက် မတ်တတ်ရပ်လျက်ရှိသည်ကို မြင်ကြလေသည်။
"အာ... ဘယ်ဘက်ကတစ်ယောက်က ငါတို့ခေါင်းဆောင်ရဲ့ ဇနီးမဟုတ်လား။"
ကျောက်ကျန်းသည် အဝေးရှိ မတ်တတ်ရပ်နေကြသည့် လူ ၃ ဦးအား ကြည့်ကာ လျိုယွမ်ဟွေ့အား မေးမြန်းပြောဆိုလေသည်။
ကျောက်ကျန်းသည် ကုယောင်နှင့်တွေ့ဆုံဖူးသည်ဖြစ်ရာ ညာဘက်ရှိ ကုယောင်အား မှတ်မိပေသည်။ ဘယ်ဘက်မှ တစ်ဦးကိုတော့ဖြင့် ထိုသူက ခေါင်းဆောင်၏ ဇနီးဖြစ်ရပေလိမ့်မည်။
လျိုယွမ်ဟွေ့သည် မျက်လုံးများမှေးစင်းကြည့်လိုက်ပြီးနောက် သူ့အားပြန်ကြည့်ကာ "ဖြစ်နိုင်တယ်... ဟုတ်တယ်မလား။"
သူတို့သည် ကုကျန်း၏ ဇနီးအား တစ်ခါမျှ မမြင်ဖူးကြချေ။ ကုကျန်းသည် လက်ထပ်ပြီးပြီဖြစ်ကြောင်း အစောပိုင်းက ကြားသိခဲ့ကြသော်လည်း မယုံနိုင်သလို ခံစားကြရလေသည်။ မည်သို့ပင်ဆိုစေ ကုကျန်းသည် မထုံတက်သေး အမူအရာနှင့်စိတ်ထား ရှိသူဖြစ်ပေ၏။ သူသည် ပုံမှန်အားဖြင့် တပ်ရင်းအတွင်း စည်းကမ်းကြီးတင်းကျပ်သောသူတစ်ယောက်လည်းဖြစ်သည်ပင်။ လေ့ကျင့်ရေး အမိန့်ပေးသည့်အချိန်မှသာ စကားအများအပြားပြောလေ့ရှိသူဖြစ်သည်။ သို့သော် ထိုအထဲမှ အများစုသည် အပြစ်ပေးသည့် အမိန့်များသာ ဖြစ်လေသည်။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...