Chapter 5

1.6K 136 0
                                    

အခန်း ၅ - လျှို့ဝှက်ချက်

ပညာတတ်အမျိုးသမီးငယ်တစ်စုသည် တစ်ဦးကိုတစ်ဦး သံသယဖြစ်နေကြကာ အချင်းများရန်ဖြစ်နေကြစဉ် ချင်လင်လင်သည် စားပြီးသား ပန်းကန်ကိုယူကာ ဆေးကြောရန်ထွက်သွားပေပြီ။

ဖုရှောင်ယွဲ့က နံဘေးမှ တိတ်တိတ်ကလေး မေးမြန်း၏။ "နင့် ခရင်မ်ဘူးက တကယ်ကြီး ပျောက်နေတာလား။ မနက်တုန်းက ကျန်းဟွေရှန်းနဲ့ အခြားသူတွေသုံးနေကြတာ ငါမြင်သေးတယ်။"

"ဟုတ်တယ်" ချင်လင်လင်က ခေါင်းညိတ်လိုက်သည်။

အသားအရေလိမ်းခရင်မ်ဘူးကို ဝှက်ထားသည့်အကြောင်းအား ဖုရှောင်ယွဲ့ကိုပင် သူ မပြောခဲ့ပေ။

ယခုအခါ ချင်လင်လင်သည် အခြားသူများနှင့် ငြင်းခုံနေမည်မဟုတ်ပေ။ အသားအရေလိမ်းခရင်မ်သည် ပစ္စည်းကောင်းတစ်ခုဖြစ်ကာ ဤကိစ္စကို သိသူနည်းလေ ပြဿနာနည်းလေဖြစ်သည်။

သို့သော်လည်း ဖုရှောင်ယွဲ့ကမူ မနေနိုင်စွာ ခန့်မှန်းလို့နေ၏။ "ကြည့်ရတာ အုပ်စုထဲက တစ်ယောက်ယောက်က ဝှက်ထားပြီး တစ်ယောက်တည်း မောင်ပိုင်စီးဖို့ ကြံနေတာများလား"

လူတိုင်း၏ ခရင်မ်ဘူးများက တစ်ပုံစံတည်းဖြစ်ကြကာ ခိုးခံလိုက်ရပြီဆိုလျှင်ဖြင့် ပြန်ရဖို့ မဖြစ်နိုင်တော့ပါပေ။

ချင်လင်လင်သည် ခေါင်းယမ်းလိုက်ပြီး သူ့အမူအယူမှာ ရိုးသားကာ အမှုမထားဟန်ပင်။ "ငါလည်းမသိဘူးလေ။ ဒါပေမဲ့လည်း ထားလိုက်ပါတော့။ ဒါကတန်ဖိုးကြီးတာမျိုးမှ မဟုတ်တာ။"

ချင်လင်လင်၏ ရိုးသားပြီး တည်ကြည်သော မျက်နှာပေးသည် ပညာတတ်အမျိုးသမီးငယ်တစ်စုအား လမ်းလွှဲသွားစေခဲ့သည်။ ချင်လင်လင်၏ ခရင်မ်ဘူးအား မည်သူက ခိုးယူသွားမှန်း သိချင်နေကြ၏။

ပညာတတ်အမျိုးသမီးငယ်တစ်စုသည် အခန်းတွင်း၌ နေ့လယ်ပိုင်းအတွက် ခေတ္တအနားယူကြသည်။ ကျန်းဟွေရှန်းက ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။ "ချင်လင်လင်ရဲ့ ခရင်မ်ဘူးကို ဘယ်သူယူသွားတာလဲ။ မြန်မြန်လေး ထုတ်လာခဲ့ သိမ်းထားမနေနဲ့။ တစ်ယောက်ယောက်အနေနဲ့ ဖုံးဝှက်ထားရလောက်အောင် ဒါက ဘာမို့လို့လဲ။"

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now