အခန်း ၈ - အကြောင်းကြားမှု
ဤသတင်းသည် သူသိခဲ့ပြီးသော အကြောင်းအရာဖြစ်သည့်အပြင် သူတို့နှစ်ဦးမှာလည်း သံယောဇဉ်ရှိမနေလေရာ ချင်လင်လင်အတွက် တုံ့ဆိုင်းသွားမှု တစ်စုံတစ်ရာပင် ရှိမနေခဲ့ပေ။မူလကိုယ် ချင်လင်လင်သည်ပင် ကုကျန်းနှင့် မေတ္တာမျှခဲ့ကြခြင်းမဟုတ်ဘဲ ရုတ်တရက် လက်ထပ်ဖြစ်ခဲ့ကြခြင်းသာဖြစ်ပါသည်။
သို့သော်လည်း ဖုရှောင်ယွဲ့နှင့် အခြားသူများ၏ အမြင်တွင်မူ ဤသို့ဟုတ်မနေပါ။ ချင်လင်လင်က အင်မတန် စိတ်ထိခိုက်သွားရသည်ဟု ထင်မြင်မိကြလေသည်။ သူ အဆင်ပြေနေသည့်ပုံပင် မပေါ်ဟု တွေးမိကြသည်။ အမှန်တကယ်တွင် သူ့နှလုံးသားမှာ အင်မတန် နာကျင်ခံရခက်နေပေလိမ့်မည်။ ငိုချင်နေ၍တောင် မငိုကြွေးနိုင်တော့သည်အထိ ဖြစ်နေရကာ သန်မာချင်ယောင် ဆောင်နေရသည်ဟု ထင်ကြလေသည်။
ချင်လင်လင်က ဤသတင်းကိုကြားပြီးနောက် မျက်ရည်လည်ရွဲဖြစ်သွားလိမ့်မည်ဟု ကျန်းဟွေရှန်းက မျှော်လင့်ထား၏။ သို့သော် ချင်လင်လင်က မျက်ရည်တစ်စက်မှထွက်မလာသည့်အပြင် တည်ငြိမ်နေလိမ့်ဟု ထင်မထားမိပေ။
သူက ချင်လင်လင်အား အံ့ဩစွာ ကြည့်လိုက်သည်။ "ချင်လင်လင် နင့်အိမ်သားက သေသွားပြီ။ နင် ဝမ်းနည်းသင့်တာမဟုတ်ဘူးလား။ အခုကစပြီး နင်က တစ်ခုလပ်မ ဖြစ်ပြီ။ ရွာသားတစ်ယောက်ကို လက်ထပ်ခဲ့ပြီး အခု သူက သေသွားပြီ။ အနာဂတ်မှာ နင် ဘယ်လိုလုပ်မလဲ။"
ချင်လင်လင်က သူ့အား မတုံ့ပြန်ဘဲ ခေါင်းငုံ့လျက် အပင်သာ ဆက်လက်စိုက်ပျိုးနေလေသည်။
ကျန်းဟွေရှန်းသည် ဝါဂွမ်းအား လက်နှင့်ထိုးနေရသကဲ့သို့ ခံစားရကာ စိတ်ဆိုးတကြီးပြောလိုက်သည်။ "ဟုတ်သားနော် အခု နင်က လက်ထပ်ထားပြီးသားဆိုတော့ နင်တစ်ဘဝလုံး ကျေးလက်မှာပဲ နေသွားရတော့မှာပဲပေါ့။"
ကျန်းဟွေရှန်းက စိတ်ဆိုးစွာဖြင့် များစွာ အပြစ်ပြောနေသေး၏။ ဘေးဘက်ခြမ်းရှိ ပညာတတ်အမျိုးသမီးငယ်တစ်ယောက်က သူပြောသည့် နှလုံးသားမဲ့လှသော စကားများကိုကြားသောအခါ လျင်မြန်စွာ တားဆီးလိုက်သည်။ "ပညာတတ်အမျိုးသမီးငယ် ကျန်း... အဲလိုမပြောပါနဲ့။ ချင်လင်လင်က အခုတောင် ဝမ်းနည်းနေရပြီးပါပြီ။ နင့်နှုတ်ကစကားတွေက အရမ်းစိတ်ထိခိုက်စေပါတယ်။"
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...