Chapter 50.2.2

367 61 0
                                    

အခန်း (၅၀.၂.၂) - ဖက်ထုပ်ပြုလုပ်ခြင်း

သူစကားပြောလို့ပြီးသည်နှင့် ချက်ချင်းတွင် လီတနီသည် တူတစ်စုံဖြင့် သူ့လက်ကို ခေါက်ထည့်လိုက်လေသည်။ "မင်း ဘာတွေလျှောက်ပြောနေတာလဲ။ တစ်ဖက်အိမ်က အသားဖက်ထုပ်က အရသာရှိတယ်ဆို ဘာလို မင်း သူတို့နဲ့ အတူသွားမနေတာလဲ။"

"ဒါဆိုလည်း ကျွန်တော့်ကို သူတို့နဲ့ သွားနေဖို့ ခွင့်ပြုပေးလိုက်လေ။" ကုကွားချန်းက ရေရွတ်ပြောဆိုလိုက်သည်။

ဤရက်များအတွင်း တစ်ဖက်အိမ်ရှိ ယောင်းမက ကောင်းစွာ စားသောက်နေသည်။ သူ(မ)နှင့်အတူ လိုက်နေသော အကြီးဆုံးအစ်မသည်ပင် အစပ်အရသာ အစားအစာများ စားသောက်ရသည်။ သို့သော်လည်း သူတို့တွေမှာတော့ နှစ်သစ်ကူးကာလအတောအတွင်းတွင်ပင် ဝက်သားကလေး ၂ ဖတ်ထက် ပိုမစားနိုင်ပေ။

ထိုအကြောင်းအရာများအား သူပို၍တွေးတောလေလေ ပို၍မခံနိုင်ဖြစ်လာလေလေဖြစ်ရကာ မျက်နှာချင်းဆိုင်ထိုင်နေသော ဖခင်အိုကြီးအား ကြည့်ကာပြောလိုက်သည်။ "အဖေ ကျွန်တော်တို့တွေ အစောကတည်းက မိသားစု မခွဲလိုက်သင့်ဘူး။ အဲ့လိုသာမဟုတ်ရင် အခုချိန်ဆို ကျွန်တော်တို့တွေ အသားဖက်ထုပ်တွေ စားနိုင်နေလောက်မှာ။ အရင်နေ့တွေတုန်းကလည်း ယောင်းမလုပ်တဲ့ အဝါရောင်ဝက်သားပေါင်းအနံ့က မွှေးကြိုင်နေတာပဲ။ ကျွန်တော်တို့အိမ်က လုပ်တဲ့ဟာက လုံးဝကို မတူတာ။"

ထိုသည်ကပင် သူ၏ယောင်းမက အချက်အပြုတ်ကောင်းကြောင်း သိနိုင်ပေသည်။ သူ့အနေဖြင့် မိသားစုခွဲခဲ့သည်ကို နောင်တရနေမိတော့သည်။

ကုကွားချန်းက နောင်တရသည်ကို မပြောပါနဲ့ဦး။ ကုတရွှမ်းသည်ပင် ပို၍ နောင်တရနေမိသည်။ အစောပိုင်းကာလကတည်းက မိသားစုမခွဲရန်အတွက် သူငြင်းပယ်ခဲ့သည်။ သို့သော်လည်း နည်းလမ်းမရှိခဲ့ပါပေ။

ထို့အပြင် လီတနီကတော့ ပို၍ပင် မုန်းတီးမိလှသည်။ ထိုရက်များအတွင်းက မခံချိမခံသာ ခံစားချက်များအား ပြန်လည်တွေးတောမိရင်းဖြင့် ကုတရွှမ်းက စားသောက်ပြီးစီး၍ ထွက်သွားသောအခါ အလျင်အမြန် ရှေ့တိုးသွားလိုက်ပြီး ပြောဆိုလေသည်။ "ကုကျန်းပြန်ရောက်နေတာ တစ်ရက်တောင်ရှိနေပြီ။ သူ ပိုက်ဆံပေးမဲ့အကြောင်းမပြောရသေးတာကို ရှင်သူ့ကို ပြောပြီးပြီလား။ ရှင် မပြောရသေးဘူး မဟုတ်လား။"

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now