Chapter 60.2.1

308 47 0
                                    

အခန်း ၆၀.၂.၁ - ရင်ခုန်ခြင်း (၂)

ချင်လင်လင်၏ ကြီးကြပ်ကွပ်ကဲပေးမှုကြောင့် တတိယမြောက်ဟင်းလျာဖြစ်သည့် ဝက်သားပေါင်းအား ချက်ပြုတ်၍ ပြီးစီးသွားလေသည်။ သို့သော် ချက်ပြုတ်စဉ်က အတော်ကလေး လိုက်လျောညီထွေ ရှိနေခဲ့ကြသော သူတို့နှစ်ဦးမှာ ညစာ စားသောက်ကြသည့် အခါတွင်တော့ ပို၍ရှက်ကိုးရှက်ကန်း ဖြစ်နေကြလေသည်။

ကုယောင်ပင်လျှင် သူတို့နှစ်ဦးနှင့်ပတ်သက်လျက် တစ်စုံတစ်ရာ မူမမှန်ကြောင်း ရိပ်စားမိနေသဖြင့် တူကို ကိုက်ကာ မေးလေ၏။ "အစ်ကိုကြီး... ယောင်းမ... နင်တို့ ဘာဖြစ်ကြလို့လဲ။"

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး။" ချင်လင်လင်က ကမန်းကတန်း ဖြေလိုက်ပြီး ခေါင်းအား တွင်တွင်ငုံ့ထားကာ မျက်နှာချင်းဆိုင်ရှိ ကုကျန်းအား မကြည့်ဝံ့ပါချေ။

ကုယောင်က သူ(မ)အစ်ကိုကြီးအား ထပ်မံကြည့်လိုက်ပြန်သည်။ သူ(မ)အစ်ကိုထံတွင် မည်သို့သော ခံစားချက်ကိုမှ မမြင်တွေ့ရပေ။ သို့သော် သူ(မ) အစ်ကိုကြီးက ပြောလေသည်။ "ဘာမှမဖြစ်ဘူး။ စားတော့။"

အရာအားလုံးက သူတို့၏နှလုံးသားအတွင်း ဖုံးဝှက်ကွယ်ခံထားရသည်ပင်။

မည်သို့ပင်ဆိုစေ ဤသည်က အချစ်နှင့် ပတ်သက်လျက် စိတ်လိုက်မာန်ပါဖြစ်သွားရသည့် ပထမဆုံးအကြိမ်ဖြစ်ပေရာ ချင်လင်လင်မှာ သံသယလည်း များနေကာ၊ အကျပ်အတည်း တွေ့လျက် ထိတ်လန့်နေမိပါ၏။

သူ(မ)သည် ချောမောကြည့်ကောင်းသော အမျိုးသားများအား သဘောကျပါကြောင်း၊ ထိုသူတို့အား အနမ်းပေးနိုင်ပါကြောင်းနှင့် ချောမောကြည့်ကောင်းသည့် ထိုအမျိုးသားများနှင့် အတူအိပ်နိုင်ပါကြောင်း သာမန်ဆန်ဆန် ပြောတတ်ခဲ့သည်။

သို့သော် ချောမောခန့်ညားပါသည့် ကုကျန်းက ယခုအခါ သူ(မ)ရှေ့တွင် ရှိနေလေသည်။ သူ(မ)မှာမူ အခွံအတွင်းသို့ ဝင်ပုန်းကာ သူ(မ)၏ စိတ်နှလုံးလေး လှုပ်ရှားသွားဖို့ရန်ပင် မဝံ့ရဲပါသည့် လိပ်တစ်ကောင်ပမာ ဖြစ်နေရလေသည်။

ညဘက်အိပ်ရာဝင်ချိန်တွင်လည်း အိပ်ရာပေါ်စောစောသွားကာ တစ်ကိုယ်လုံးအား စောင်ဖြင့်တင်းတင်းပတ်လျက် အိပ်ပျော်နေလေပြီဟန်ဆောင်နေလိုက်သည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now