Chapter 25

1.2K 127 0
                                    

အခန်း ၂၅ - အိပ်စက်ခြင်း

လီတနီသည် ဒေါသဖြင့် သွေးတက်လျက် မေ့မြောသွားပြီးနောက် အလိုလိုက်ခံဒုတိယမျိုးဆက်သားငယ်လေးဖြစ်သူ ကုကွားချန်းသည် ဤကဲ့သို့သော အဖြစ်မျိုးအား ယခုမှ မျက်မြင်ကြုံတွေ့ဖူးသူဖြစ်သည့်အတွက် သူ့မိခင် သေဆုံးသွားသည့်အတိုင်းပင် ငိုပြီးရင်းငိုလျက်ရှိချေတော့၏။

ကုကွားချန်း၏ စူးရှကျယ်လောင်သောအသံက သိပ်မဝေးလှသည့်နေရာ၌ရှိနေသော အခန်းအတွင်းမှ စုံတွဲအား ကြားစေနိုင်လေသည်။ မည်သို့ပင်ဆိုပါစေ ခေါင်မိုးတစ်ခုတည်းအောက်၌ အတူရှိနေကြသည်ဖြစ်ရာ မည်သို့ဖြစ်နေကြောင်း သွားရောက်ကြည့်ရှုပေးသင့်သည်ပင်။

ကုကွားချန်းသည် ကုချွန်းဟွားအား ဖခင်ဖြစ်သူကို သွားရှာရန် အော်ဟစ်မောင်းထုတ်လိုက်သည်။ ကုချွန်းဟွားသည် ကုကျန်းတို့နှစ်ဦးသား ထွက်လာကြသည်ကို သူ(မ) မြင်တွေ့သွားသောအခါ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းလေသည်။ "နင်တို့ကိုအပြစ်တင်ရမှာ။ နင်တို့က ငါ့အမေကို သေစေချင်နေတာမဟုတ်လား။ အမေသာ တစ်ခုခုဖြစ်လို့ကတော့ နင်တို့ ကောင်းကောင်းနေရမယ် မထင်နဲ့။"

ရုတ်တရက် ဆိုင်းမဆင့်ဘုံမဆင့် စိတ်ဆိုးအော်ငေါက်ခံလိုက်ရသော ထိုစုံတွဲမှာ ကြောင်အမ်းသွားရရှာလေသည်။

ချင်လင်လင်သည် ကုကျန်းအားကြည့်လျက် 'ဒီကိစ္စမှာ ကျွန်မက လုံးဝအပြစ်ကင်းတယ်နော်' ဟူ၍ပင် ပြောလုနီးပါး ဖြစ်သွားရလေသည်။

သို့သော် သူ(မ)သည် တံခါးဝ၌ရှိနေသော ကုတရွှမ်းအား ရုတ်ခြည်းအမှတ်တမဲ့ မြင်တွေ့လိုက်ရသောအခါ ထိတ်လန့်အံ့ဩသွားရပြီး ဆက်မပြောလိုက်တော့ပါချေ။

အန်တီတနီသည် သတိမလည်နိုင်တော့အောင် မေ့မြောသွားသည်တော့ မဟုတ်ပေ။ မျက်လုံးများလည်သွားပြီး မြင်ကွင်းကအမှောင်ကျကာ မေ့မြောသွားခြင်းဖြစ်ပြီး ကွားချန်း၏ စူးရှကျယ်လောင်လှသောအသံကြောင့် သိပ်မကြာလိုက်ခင်မှာပင် အသိစိတ်ပြန်ကပ်လာခဲ့လေသည်။

သို့သော် ကုကျန်းနှင့် သူဇနီးတို့ဝင်လာကြသောအခါ ယခုလေးတင်မှ ပြန်လည်သတိလည်လာသော လီတနီသည် မျက်လုံးများလည်လျက် ထပ်မံမေ့မြောသွားဟန်ဆောင်လိုက်လေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now