Chapter 57.2

320 50 0
                                    

အခန်း ၅၇.၂ - မင်းဘာလုပ်မလို့လဲဆိုတာ ဘုရားသိလိမ့်မယ်။

နှစ်စဉ်နှစ်တိုင်း ဆွေမျိုးများ အလည်အပတ်လာကြသည့် အချိန်မျိုးတွင် လီယွီမှာ ဒုတိယသား၏ မိသားစုကြောင့် စိတ်အနှောင့်အယှက် အဖြစ်ရဆုံးဖြစ်ပေသည်။ ထိုသူက သူ့ခင်ပွန်းနှင့် ညီအစ်ကိုဖြစ်ပါသော်လည်း ငယ်စဉ်အခါက တတိယဦးလေးဖြစ်သူမှ သူ့အား မွေးစားခဲ့ခြင်းဖြစ်ပေသည်။

တတိယဦးလေး၏ မိသားစုမှာ အစောပိုင်းတွင် ကောင်းမွန်သောအခြေအနေတွင် ရှိပြီး သူတို့မိသားစုတွင် သားယောက်ျားလေးဟူ၍ ဒုတိယသားသာ ရှိပေသည်။

အမယ်အိုက သူ့အား မွေးထားရသည်မှာ အရိုးထဲတိုင်အောင် နာကျင်စရာကောင်းလှသည်။ မိခင်ဖြစ်သူနှင့် သူတို့တွေက တူညီသော ဒေသတစ်ခုတည်းတွင်ပင် နေထိုင်ပါသော်လည်း ဒုတိယသားက လာရောက်တွေ့ဆုံကာ ဂါဝရပြုသည်ကား ရှားပါးလှသည်။ ပွဲတော်အားလပ်ရက်များတွင် မွေးစားထားသော တတိယဦးလေးတို့ ဇနီးမောင်နှံကိုသာ သွားရောက်လည်ပတ်တွေ့ဆုံလျက် ဂါဝရပြုတတ်ကာ သူတို့ကိုသာ ကျေးဇူးသိတတ်ပေသည်။

ဒုတိယသား အိမ်ထောင်ပြုပြီးသည့် အချိန်ရောက်လာသည့်အခါတွင် တတိယဦးလေးတို့ အကြင်လင်မယားက အိုမင်းလာကြကာ အစောပိုင်းကာလကဲ့သို့ အဆင်ပြေချောင်လည်ခြင်းမရှိကြတော့ချေ။ သို့ဖြစ်ပါ၍ ဒုတိယသားက သူ၏မွေးမိသားစုနှင့်အတူ ပြန်၍ အဆက်အသွယ်လုပ်လာသည်။ သို့သော် လာရောက်တွေ့ဆုံသည့်အခါတိုင်းတွင် လိမ္မာသိတတ်ကာ နာခံတတ်သော သားကောင်းလေးတစ်ယောက်အဖြစ် ဟန်ဆောင်လျက် အမယ်အိုထံမှ ကယ်ဆယ်ကူညီပေးမှုအား ရယူလိုခြင်းသာ ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ ထိုသူက အမယ်အို၏ သားအရင်းဖြစ်ပေသည်။ ထိုသူက မည်မျှပင် မကောင်းပါစေ မိခင်ရင်းတစ်ဦးအနေဖြင့် မည်သို့မျှ မပြောရက်နိုင်ပေ။ သူ(မ)အား ချစ်ခင်သံယောဇဉ်ရှိ၍ လာတွေ့ကြသော သူများက ထိုသူတို့ လာရောက်ကြသည့်အခါတွင် သူ(မ)ထံမှ မည်သည့်အရာကိုမှ တောင်းယူခြင်း မရှိကြပေ။ ထိုသို့သော သူမျိုးမဟုတ်ကြလျှင်လည်း အမယ်အိုက သူ(မ)တွင်ရှိသည့် အရာအနည်းငယ်ကို ပေးဝေမျှလိုက်မည်သာဖြစ်ချေသည်။ သို့ဖြစ်သောကြောင့် ယခုထိတိုင် မိသားစုဝင်များဟာ အပေါ်ယံ ဆက်ဆံရေးကို ထိန်းသိမ်းထားနေကြဆဲဖြစ်ပေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now