အခန်း ၁၉
ချင်လင်လင်၏ ရိုက်နှက်လိုက်သည့် ပြင်းအားက မသေးငယ်လှပေ။ အခန်းတစ်ခုလုံးက ရုတ်ခြည်းတိတ်ဆိတ်သွားလေသည်။
အဖြစ်အပျက်ကို နားလည်သွားပြီးသည့်နောက် ကုချွန်းဟွားသည် သူ(မ)မျက်နှာအား လက်နှင့်အုပ်ကိုင်လိုက်ပြီး အံ့ဩတကြီး ပြောလိုက်သည်။ "နင် ငါ့ကို ရိုက်ရဲတယ်..."
"ရိုက်ချင်ရင် ရိုက်လိုက်ရုံပေါ့ ဘာလဲ နင့်ကို ရိုက်ဖို့ ရက်ရွေးရဦးမှာလား။"
"နင်.."
ချင်လင်လင်၏မျက်ဝန်းများက အနည်းငယ် ကြောက်မက်စဖွယ်ကောင်းနေလေသည်။ ကုချွန်းဟွားသည် အချိန်အတန်ကြာအောင် တုန်လှုပ်တုံ့ဆိုင်းနေမိသည်။ ထို့နောက် ပြန်လည်တုံ့ပြန်ရန်အတွက် သူ(မ)လက်ကိုဆန့်ထုတ်လိုက်ချင်သော်လည်း မလုပ်ရဲချေ။ နောက်ဆုံးတွင် သူ(မ)အနားရောက်လာသော လီတနီကိုသာ လှမ်းကြည့်လိုက်ရင်း လက်တစ်ဖက်အား မျက်နှာကိုကာလျက် အခြားလက်တစ်ဖက်အား ချင်လင်လင်ကို လက်ညှိုးထိုးပြလေသည်။ "အမေ သူ ကျွန်မကို ရိုက်တယ်။"
"ချင်လင်လင် နင် ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်ကို ရိုက်ရဲရတာလဲ။" လီတနီသည် ဒေါသထွက်လျက် အနားရောက်လာသည်။ ထို့နောက် ကုချွန်းဟွား၏အရှေ့မှ နေ၍ ကာကွယ်ထားလေသည်။
"အန်တီတနီ ချွန်းဟွားပြောသွားတာတွေက သင့်လျော်တယ်လို့ ရှင်ထင်နေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ကုကျန်းက ချွန်းဟွားရဲ့အစ်ကိုတစ်ယောက်နော်။ သူ့စကားတွေက အကြီးကို ရိုသေလေးစားမှုရှိပြီး နားထောင်လို့သင့်တော်တယ်လို့ ရှင်ထင်နေတာလား။"
ကုချွန်းဟွားသည် လီတနီ၏အနောက်၌ ပုန်းလျက်နေပြီး ပြောလေသည်။ "သူက ဘာအစ်ကိုရမှာလဲ။ ငါ့အဖေကသာ သူ့ကို သနားလွန်းလို့ ကောက်ယူထားတာ။ ငါတို့မိသားစုကြောင့်သာမဟုတ်ရင် သူ အခုလို နေနိုင်မယ်ထင်နေတာလား။ ပြီးတော့...နင်ကရော ဘာမို့လို့လဲ။"
"ဖြန်း..."
"အား.."
ကုချွန်းဟွားက ထပ်မံအော်ဟစ်လိုက်ပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ထိုရိုက်ချက်က ချင်လင်လင်ဆီမှ မဟုတ်ဘဲ အပြင်ဘက်မှ ရေသယ်လျက် ပြန်ဝင်လာသည့် ကုယောင်ထံမှသာ ဖြစ်ချေသည်။ သူ(မ)သည် လီတနီ၏နောက်၌ ပုန်းကွယ်နေသည့် ကုချွန်းဟွားအား တိုက်ရိုက်ပင် ရိုက်ချလိုက်ခြင်းပင်ဖြစ်သည်။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...