အခန်း ၁၁ - ငါ့ရဲ့မျိုးရိုးနာမည်က ကု
ခေါင်းဆောင်လီသည် သူ၏တူအား စေ့စပ်စွာကြည့်လိုက်ပြီး သူပြောသည့်အကြောင်းအရာနှင့် ပတ်သက်လျက် သံသယဖြစ်နေမိသည်။ အထူးသဖြင့် သူ့တူက အရက်နံ့များ တထောင်းထောင်း ထနေခြင်းကြောင့်ပင်ဖြစ်ပါ၏။ သူ့တူက ကိစ္စများအား ပိုမိုရှုပ်ထွေးစေကာ အဓိပ္ပာယ်မရှိသော စကားများဆိုမည်ကို စိုးရိမ်မိလေသည်။ အခြားသူအား စော်ကားအပြစ်ပြုမိမည်ဆိုလျှင်ဖြင့် ဇာတ်သိမ်းမကောင်းနိုင်ပါချေ။ခေါင်းဆောင်လီက မေးလိုက်သည်။ "မင်း အရက်သောက်ထားတာလား။"
လီကျန်းယဲ့က ကြောင်အမ်းသွားရပြီးနောက် ခေါင်းညိတ်ပြလေသည်။ "နည်းနည်းတော့ သောက်ထားပါတယ်။ ဒါပေမဲ့ အမူးပြေသွားတာကြာလှပြီ။"
လီကျန်းယဲ့သည် ချင်လင်လင်ဆိုသည့် ပညာတတ်အမျိုးငယ်၏ ခင်ပွန်းဖြစ်သူ မဆုံးပါးခင်က သူ့(မ)အပေါ် အခွင့်အရေးမယူနိုင်ခဲ့ပေ။ ဤသို့သော အချိန်မျိုးတွင် သူ့အနေဖြင့် အနည်းငယ်မျှသော အခွင့်အရေးကိုပင် ယူနိုင်လေမည်လော။ ထို ပညာတတ်အမျိုးသမီးငယ်သည် သင်ကြားထားသောပညာများဖြင့် ပြန်လည်လုပ်အားပေးရန် ကျေးလက်သို့ရောက်လာခဲ့ရသည်။ သူသည် ဤဘဝတွင် မြို့သို့ပြန်နိုင်ဖို့ရန် အခွင့်အရေးမရှိတော့သည်လည်း ဖြစ်နိုင်ပါ၏။ ခင်ပွန်းဖြစ်သူကလည်း ထပ်မံဆုံးပါးသွားရကာ သွားစရာနေရာ မရှိပါတော့ချေ။ လီကျန်းယဲ့အနောက်သို့ လိုက်ခြင်းဖြင့်သာ သူ့ဘဝက ပိုမိုကောင်းမွန်လာလိမ့်မည်ဖြစ်ချေသည်။ မြို့ပြသို့ပြန်နိုင်ရန်ပင် မျှော်လင့်လို့ရနိုင်ပါသေးသည်။ သို့မှမဟုတ် ထိုအမျိုးသမီးက ဤအရပ်ဒေသ၌ ဆက်လက်နေထိုင်သွားမည်ဆိုလျှင်ပင် ပိုမိုကောင်းမွန်သော အလုပ်ကို ရရှိနိုင်ဖို့ မျှော်လင့်နိုင်သေးသည်။
လီကျန်းယဲ့သည် ဤအကြောင်းအရာများကို တွေးမိခဲ့သည်။ ထို့နောက် ထိုအမျိုးသမီးအား ခြိမ်းခြောက်ကာ သူ့အားနာခံလိုက်နာလာစေရန် ပြုလုပ်မည်ဟု စဉ်းစားဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့ တွေးတောရင်းဖြင့် စိတ်လက်ကြည်သာလာကာ သမဝါယမအဆောက်အဦးသို့သွားကာ ဦးလေးကြီးအချို့နှင့်အတူ ယမကာတချို့တစ်ဝက်လောက်နှင့် မြေပဲဆားလှော်များ သုံးဆောင်လေသည်။ မိန်းမချောလေးများနှင့် ယမကာဆိုသည်က လိုက်ဖက်လှပေသည့်အရာများ မဟုတ်ပါလော။

YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...