Chapter 58.1

355 51 1
                                    

အခန်း ၅၈.၁ - နှစ်ခြိုက် သဘောကျမှု

ကုကျန်း၏ ဦးတည်ခေါ်ဆောင်ရာနောက်သို့ အချိန်အတန်ကြာအောင် လိုက်လာပြီးသည့်နောက် နောက်ဆုံးတွင် နှစ်ယောက်သားသည် ပန်းရောင်မက်မွန်တောကြီးရှေ့ ရောက်လာကြသည်။

ချင်လင်လင်မှာ သူ(မ)မျက်စိရှေ့ရှိ ပန်းရောင် မက်မွန်ပွင့်များ ပွင့်နေကြသည့် တောကြီးအား ကြည့်နေမိသည်။ မျက်စိတစ်ဆုံး ပန်းရောင်ဖြစ်နေသည်မှာ အိပ်မက်တစ်ခုအလားပင်။

သူ(မ)က ကုကျန်းအား အံ့အားတကြီးဖြင့် ပြောလိုက်သည်။ "ဒါက ရှင်ပြောတဲ့ လှပတဲ့နေရာ ဆိုတာလား။"

ဤနေရာမှာ အင်တာနက်ဆယ်လီများအတွက် ဓာတ်ပုံလှလှများ ရိုက်ကူးကာ ခရီးသွားများအား ဆွဲဆောင်နိုင်သော နေရာကောင်းတစ်ခု ဖြစ်ပေသည်။

ကုကျန်းက ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်။ ပန်းရောင် မက်မွန်ပွင့်တောကြီးလေ သဘောကျရဲ့လား။"

"အင်း ကျွန်မ အရမ်း သဘောကျတယ်။ ကြည့်လို့ လှလိုက်တာ။"

"မင်း သဘောကျတယ်ဆိုလို့ ကောင်းပါတယ်။"

သူ့အနေဖြင့် ဤသို့သော ရှုခင်းမှာ သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းလှပါသည့်တိုင် ချင်လင်လင်ကဲ့သို့သော မိန်းကလေးငယ်လေးကတော့ဖြင့် မတူကွဲပြားလိမ့်မည်ဟု သူထင်မြင်ခဲ့သည်ပင်။ သူ(မ)အနေဖြင့် ဤမျှလှပသော နေရာကလေးအား သဘောကျနှစ်သက်ပေလိမ့်မည်။

ချင်လင်လင်မှာလည်း အမှန်တကယ်ပင် သဘောကျနှစ်ခြိုက်နေလျက် ခြေလှမ်းသွက်သွက်ဖြင့် ရှေ့တိုးသွားလေသည်။

မက်မွန်ပင်ကြီးများ၏ ပင်စည်လုံးပတ်မှာ လူကြီးတစ်ယောက်၏ ပေါင်လုံးထက်ပင် တုတ်ခိုင်ကာ တစ်ပင်ချင်းစီတွင်လည်း ပန်းရောင်မက်မွန်ပွင့်များ ပြည့်နေကြသည်။ လေပြည်ညင်းကလေး တစ်ချက်သွေးလိုက်ရုံဖြင့် အိပ်မက်ဆန်ဆန် ပွင့်ဖတ်ကလေးများက တဖွဲဖွဲ ကြွေဆင်းလာကြသည်။ မြေပြင်ပေါ်တွင် မြက်ပင်များ မရှိတော့ဘဲ ပွင့်ဖတ်ကြွေများဖြင့် တစ်ခင်းလုံး ပန်းရောင်သန်းလျက် ရှိကြကုန်၏။ အကြည့်တစ်ချက်ဖြင့် အဆုံးမရှိလေအောင် မျက်စိတစ်ဆုံးပင် ဖြစ်ချေတော့သည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now