Chapter 24

1.1K 124 2
                                    

အခန်း ၂၄ - မေ့မြောခြင်း

လီတနီသည် ကုတရွှမ်းက ယခုလေးတင်မှ ကုကျန်းအား လှမ်းခေါ်လိုက်သည်ကိုတွေ့လိုက်သောအခါ အလျင်အမြန် နောက်မှလိုက်လာပြီး ကုတရွှမ်း၏လက်အား လှမ်းဆွဲလေသည်။ "ရှင် ဘာလုပ်မလို့လဲ။"

"စိတ်မပူနဲ့။" ကုတရွှမ်းက နှစ်သိမ့်ပေးသည်။

"ရှင် တကယ် မိသားစုခွဲပေးချင်တာလား။" လီတနီက အသံတိုးတိုးဖြင့် မေးမြန်းလေသည်။ "မိသားစုသာခွဲပြီးသွားရင် နောက်ဆို ကွားချန်းအတွက် ဘယ်လိုထောက်ပံ့ပေးမလဲ။ ကျွန်မတို့မိသားစုက ဘယ်လိုလုပ်ကြတော့မလဲ။ ရှင့်ရဲ့အလုပ်အမှတ်နည်းနည်းလေးလောက်နဲ့ဆို ကျွန်မတို့မိသားစုက ငတ်သေကုန်ကြလိမ့်မယ်။"

ကုတရွှမ်းသည် သူ(မ)အား စိတ်ဆိုးစွာဖြင့် လှည့်ကြည့်လေသည်။ "ငါက ငတုံးတစ်ယောက်မို့လို့လား။"

ကုတရွှမ်းသည် ပြောပြီးသည့်နောက် ကုကျန်းရှိနေသောဘက်သို့ ပြန်လှည့်သွားကာ ကုကျန်းနှင့် သူ့ဇနီးတို့နေထိုင်သည့် အခန်းဘက်သို့ တစ်ဖန်ညွှန်ပြလေသည်။ "အထဲမှာပြောကြမယ်။"

ကုကျန်းက ခေါင်းညိတ်သဘောတူလိုက်သည်။

လီတနီသည် အခန်းအတွင်းသို့ လိုက်ပါလိုပါသော်လည်း တံခါးဝ၌ပင် တားဆီးခံရ၍ တံခါးပိတ်ဆို့သွားလေတော့သည်။ သူ(မ)သည် ဒေါသတကြီးဖြင့် ကျိန်ဆဲနေမိလေသည်။ "ကုတရွှမ်း ရှင့်ဦးနှောက်က တံခါးနဲ့တိုက်မိလို့ ပျက်စီးသွားပြီပဲ။"

လီတနီက ကျိန်ဆဲပြောဆိုနေစဉ်တွင် တံခါးက တစ်ဖန်ပြန်ပွင့်လာပြန်သည်။

လီတနီသည် ပျော်ရွှင်ဝမ်းမြောက်သွားပြီး သူ(မ)ကိုယ်တိုင်ပါ အခန်းအတွင်း ဝင်နိုင်ပြီဟု ထင်လိုက်သော်လည်း ကုတရွှမ်း ထွက်လာပြီး သူ(မ)အား ညွှန်ကြားပြောဆိုလေသည်။ "တခြားအခန်းမှာ သွားနေ။"

"ရှင်..."

"ဘာပြောရမလဲဆိုတာ ငါသိတယ်။"

လီတနီသည် ထပ်မံအတွန့်တက်ပြောဆိုလိုသေးသော်လည်း ကုတရွှမ်းသည် စိတ်မရှည်ဖြစ်နေပြီး အထက်စီးဆန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ "မြန်မြန်သွားတော့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါဘာလုပ်ရမလဲဆိုတာ သိတယ်။"

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now