အခန်း (၂၉) - မနာလိုခြင်း
မိန်းကလေးနှစ်ယောက်သား စက်ဘီးစီး၍ အိမ်ပြန်လာကြသည့်အခါ လီတနီ၏ မျက်လုံးများက ထိုမြင်ကွင်းကြောင့် မအီမသာပင် ခံစားနေရလေသည်။
သူ(မ)သည် ဝတုတ်နေသည့် ခါးအား ရမ်းခါနေလျက် နှစ်ယောက်သားထိုင်စီးလာကြသည့် စက်ဘီးအား စူးရှစွာ စိုက်ကြည့်နေလေသည်။ အသစ်ဝယ်လာသည့်စက်ဘီးသည် တစ်လက်လက်တောက်ပနေလျက် ရှိလေသည်။
"ဒီစက်ဘီးက ဘယ်သူ့ဟာလဲ။" လီတနီက အသံဆိုးကြီးဖြင့် မေးလေသည်။
သူ(မ)၏ဟန်ပန်သွင်ပြင်သည် ဆိုးဝါးလှပေသည်။ ကုယောင်သည် ငယ်စဉ်ကတည်းက သူ(မ)ထံမှ အနိုင်ကျင့်ခံခဲ့ရသူဖြစ်သည့်အလျောက် သူ(မ)၏အသံအားကြားသည်နှင့် အနည်းငယ်မျှ မကြောက်ဘဲမနေနိုင်ပါပေ။ သို့ဖြစ်ပါ၍ ကုယောင်သည် သူ(မ)အား မာထန်စွာ ပြန်မပြောနိုင်ချေ။ "ကျွန်မအစ်ကိုကြီးက ယောင်းမအတွက် ဝယ်ပေးတာ။"
"နင့်အစ်ကိုကြီးက နင့်ယောင်းမအတွက် ဝယ်ပေးတာ ဟုတ်လား။ ဒါဝယ်ဖို့ ပိုက်ဆံအများကြီးကို နင့်အစ်ကိုက ဘယ်ကရလို့လဲ။" လီတနီ မယုံကြည်ဖြစ်နေသည်က ထင်ရှားလှပေသည်။
ချင်လင်လင်က ပြန်ဖြေလိုက်သည်။ "ဒါကို ပိုက်ဆံနဲ့မဝယ်ရင် ဘယ်နေရာက လုယူလို့ရမှာမို့လို့လဲ။"
ယခုခေတ်တွင် စက်ဘီးဝယ်ရသည်မှာ နောက်ပိုင်းမျိုးဆက်များခေတ်တွင် ကားဝယ်ရသည်ကဲ့သို့ပင်။ ပိုက်ဆံရှိသော်လည်း ကားမောင်းခွင့်လိုင်စင်မရှိလျှင် ကိုယ်ပိုင်ကားမဝယ်နိုင်သကဲ့သို့ပင် စက်ဘီးဝယ်ပြီးလျှင်ပင် ကိုယ်ပိုင်လိုင်စင်အား ချက်ချင်းလုပ်ရမည်ဖြစ်ကာ နောက်ပိုင်းမျိုးဆက်များရှိ ကားလိုင်စင်နံပတ်များနှင့် အလားသဏ္ဌာန် တူညီပေသည်။ စက်ဘီးတစ်စီးလျှင် လိုင်စင်တစ်ခုစီဖြစ်ပေသည်။
လီတနီသည် သူ(မ)ပြောလိုသည့်အရာကို မပြောရသေးခင်မှာပင် ရှေ့မဆက်နိုင်တော့ပေ။ သို့သော် ချင်လင်လင်သည် သူ(မ)အား လျစ်လျူရှုထားလိုက်ပြီး စက်ဘီးအားတွန်းလျက် ကုယောင်ကိုပါ ခေါ်လာလေသည်။ "ငါ ဒီနေ့ နင့်ကို ကောင်းကောင်းချက်ကျွေးမယ်။ သွားကြစို့။"
![](https://img.wattpad.com/cover/371795554-288-k367696.jpg)
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...