Chapter 60.1.1

356 55 0
                                    

အခန်း ၆၀.၁.၁ - ရင်ခုန်ခြင်း (၁)

ကုကျန်းက ချင်လင်လင်အား ချီပိုးလျက် အိမ်သို့ပြန်လာကြစဉ်တွင် လီတနီက တစ်ဖက်အိမ်မှ အပြင်ထွက်လာသည်နှင့် ကြုံလေရာ သူ(မ)က ထိုစုံတွဲနှင့် တွေ့လျှင် အာမေဍိတ်ပြုလိုက်လေသည်။ "အမလေး..."

သူတို့၏ အပြုအမူက ရှက်ဖွယ်ကောင်းလှကြောင်း မြည်တွန်တောက်တီးခြင်း မပြုရသေးမှီ လီတနီမှာ ကုကျန်း၏ ခြိမ်းခြောက်ဟန် အကြည့်များကြောင့် ကြောက်လန့်တကြား ဖြစ်သွားရလေသည်။

ကုတရွှမ်းက လီတနီ၏ အော်သံကိုကြားသည့်အတွက် အပြင်ဘက်သို့ ထွက်လာကြည့်လေသည်။ "ဘာဖြစ်နေတာလဲ။ ဘာကိစ္စနဲ့မို့ တစ်နေကုန် အော်ဟစ်နေရတာလဲ..."

သူ စကားပင် ပြောလို့မပြီးသေးခင်တွင် သူ၏မွေးစားသားက သူ့ဇနီးအား ကျောပိုးသယ်လျက် အိမ်အတွင်း ဝင်လာကြောင်း တွေ့လိုက်ရလေသည်။

သူ့ပါးစပ်အတွင်းမှ ဆေးလိပ်ပင် ပြုတ်ကျသွားရသည်ကို သတိမထားမိလောက်အောင် မှင်သက်အံ့ဩသွားရ၏။

ပြန်လည်သတိဝင်လာသည့်အခါတွင် ထိုစုံတွဲမှာ သူတို့အိမ်အတွင်း ဝင်သွားကြပြီး ဖြစ်ကာ ကုယောင်က သူတို့နောက်မှ လိုက်လာလျက် ပစ္စည်းများနှင့်အတူ တစ်ဖက်အိမ်သို့ ဝင်လာလေသည်။

လီတနီက မြင်သောအခါ အလိုလောဘကြီးသည့်အလျောက် အစောပိုင်းက ကုတရွှမ်းပြောထားဖူးသည့်စကားအား မေ့လျော့လျက် လည်ပင်းဆန့်ကာ မေးလိုက်သေးသည်။ "အိုး... နင် ဘာတွေ ယူလာတာလဲ။ ငါ့ဆီယူလာပြီး ပြစမ်းပါ။ မင်းတို့အဖွားက မင်းတို့အတွက် ဘာတွေပေးလိုက်သေးလဲ။"

ကုယောင်က ပြန်ပြော၏။ "ကျွန်မ အဒေါ်က အစ်ကိုကြီးနဲ့ ယောင်းမတို့အတွက် ‌ပေးလိုက်တာ။ ဘာတွေလဲဆိုတာ ကျွန်မ မသိပါဘူး။"

ဆိုလိုသည်က သူ(မ)အားပေးလိုက်ခြင်းမဟုတ်ဟု အဓိပ္ပာယ်ရပေသည်။

အကယ်၍ လက်ဆောင်ပစ္စည်းများက သူ(မ)အား ပေးလိုက်လျှင်တောင် သူတို့အား မပေးနိုင်သည်က အမှန်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ(မ)က သူတို့မိသားစုဝင်လည်း မဟုတ်တော့ပေ။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now