အခန်း ၂၃ - မိသားစုခွဲခြင်း
အဆုံးသတ်တွင်တော့ ကုတရွှမ်းသည် ကုကျန်း၏ မိသားစုခွဲမည့်အစီအစဉ်မှ မလွတ်မြောက်နိုင်ခဲ့ပါပေ။ကုတရွှမ်းသည် ကုကျန်းအား တားဆီးရန် အမျိုးမျိုးအထွေအထွေ စီစဉ်လုပ်ဆောင်ခဲ့ပါသော်လည်း သူ့ရှေ့ဘက်ရှိ သူ့မွေးစားသားဖြစ်သူက မိသားစုခွဲရန်အတွက် စိတ်ဆုံးဖြတ်ခဲ့ပြီးခဲ့ပြီဖြစ်သည်။
"မင်းက မိသားစုခွဲချင်နေတုန်းပဲလား။" ကုတရွှမ်းသည် တက်ကြွဖျတ်လတ်သည့် အသံဖြင့်မေးလိုက်သည်မှာ ယခုလေးတင် မူးမေ့လဲသွားသည့်သူမှာ မည်သည့်နေရာတွင်မှ ရှာ၍မတွေ့နိုင်သည့်သဖွယ်ဖြစ်ချေသည်။
"ဟုတ်ပါတယ်။"
ကုကျန်း၏အမူအရာသည် တည်ငြိမ်လျက်ရှိပြီး သူ့အသံကမူ တိကျပြတ်သားလျက်ရှိချေသည်။
ကုတရွှမ်းသည် ယခုချက်ချင်းတွင် သူ့ကိုယ်သူ အမှန်တကယ် မူးမေ့လဲသွားစေချင်မိပါ၏။
"မင်းကောင်စုတ်လေး... ဒီလိုမျိုး မိသားစုခွဲချင်နေတာပေါ့လေ။ အရင်က မင်းကို ဘယ်သူက စောင့်ရှောက်ပျိုးထောင်ပေးခဲ့သလဲဆိုတာကို မကြည့်တော့ဘူးလား။ အခု မင်းက လက်ထပ်ပြီးတာနဲ့ မိသားစုခွဲဖို့ ပြောလာပြီပေါ့။ မိသားစုက မင်းနဲ့အတူယှဉ်တွဲနေထိုင်လို့ မရမှာမို့လို့လား။"
"အဖေ ကျွန်တော်က ဒီလို အဓိပ္ပာယ်မျိုးနဲ့လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်က မိသားစုခွဲပြီးသွားရင်တောင် အဖေ့သားဖြစ်နေတုန်းပါပဲ။ ကျွန်တော်က အဖေ့ကို ဂါရဝထားလေးစားဖို့လိုနေသရွေ့ အရိုအသေထားနေဦးမှာပါ။...."
"ထွက်သွား....ဒီနေရာကနေ ထွက်သွားစမ်း"
ကုကျန်း စကားပြောလို့မပြီးသေးခင်မှာပင် ကုတရွှမ်းသည် ကုတင်ပေါ်မှ ခေါင်းအုံးဖြင့် ကုကျန်းအား လှမ်းပေါက်လေသည်။
"မင်းက မိသားစုခွဲချင်တယ်ဆိုမှတော့ မင်းကြိုက်တဲ့နေရာကို သွားလို့ရတယ်။ ဘာပဲဖြစ်ဖြစ် မင်းအတောင်ပံတွေက သန်မာသွားပြီ မဟုတ်လား။ မင်းက ကောင်းကောင်းပျံသန်းနိုင်သွားပြီဆိုတော့ ငါက မင်းကိုထိန်းချုပ်လို့မရတော့ဘူးမလား။ ငါ့ရှေ့က ထွက်သွားလိုက်တော့။"
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...