Chapter 44

342 62 0
                                    

အခန်း ၄၄ - ဝက်သား

ကုယောင်သည် ညစာအား ယူဆောင်လျက် အိမ်တွင်ဖြစ်ပျက်ကြသည့် အကြောင်းအား ချင်လင်လင်ကို ပြောပြရန် တစ်ဖက်အိမ်သို့ သွားလေသည်။

ချင်လင်လင်သည် ကုယောင်ပြောပြသည်ကို နားထောင်ရင်းဖြင့် ကုယောင်အတွက် တိုဟူးများအား ထည့်ပေးလေသည်။

"အွန်း ကျေးဇူးပဲ ယောင်းမ။"

"အရသာရှိတုန်း မြန်မြန်စားလိုက်။ နောက်တစ်ကြိမ် ထပ်သွားရင်လည်း ထပ်ဝယ်ဦးမယ်။" ချင်လင်လင်သည်‌ ပြောရင်းဖြင့် တူများအား ကိုင်ကာ စားလိုက်သည်။

အိမ်အတွင်း၌ မိန်းကလေး ၂ ယောက်သာရှိသည်။ တိုဟူးဟင်းလျာအပြင် စားပွဲပေါ်တွင် ဟင်းနုနွယ်ဟင်းတစ်ခွက်လည်း ရှိသေးသည်။ ချင်လင်လင်သည် ဟင်းနုနွယ်အား ဆီနည်းနည်းဖြင့် ကြက်သွန်ဖြူထည့်ကာ ကြော်ထားသည်။ ဤခေတ်တွင် စားသောက်ကုန်ပစ္စည်းများ မပေါများလှသော်လည်း ဟင်းသီးဟင်းရွက်များကတော့ အတော်ကလေး ကောင်းမွန်လှပြီး မြေဆီဩဇာကလည်း ကောင်းမွန်လှသည်။
ကုယောင်သည် မြန်မြန်ဆန်ဆန် စားသုံးနေပြီး စားနေရင်းဖြင့် အရသာကောင်းကြောင်း ချီးမွမ်းနေလေသည်။ "ယောင်းမ နင် ချက်ပြုတ်တာ တကယ်ကို အရမ်းအရသာရှိတယ်။"
သူ(မ)သည် စားနေရင်းဖြင့် ယောင်းမက ငရုတ်သီးပါသော တိုဟူးဟင်းကို စားနေသည်မှာပင် မည်သို့မျှမနေကြောင်း မြင်တွေ့ရသောအခါ မအံ့ဩဘဲမနေနိုင်ပါချေ။ "ယောင်းမ အဲဒါက မစပ်ဘူးလား။"

"အရမ်းမစပ်ပါဘူး။ ငါ ငရုတ်သီးအများကြီး မထည့်ထားပါဘူး။ နင်ရော စားကြည့်ချင်လား။" ချင်လင်လင်က မေးလိုက်သည်။

ကုယောင်သည် အလျင်အမြန် ခေါင်းယမ်းပြလိုက်သည်။ သို့သော် ခဏလောက် စဉ်းစားကြည့်လိုက်ပြီးနောက် မေးလေသည်။ "တကယ်ကြီး အရမ်းမစပ်ဘူးလား။"

"မစပ်ပါဘူး။ နင်အရင်က အစပ်မစားဖူးရင်တော့ နည်းနည်းပိုစပ်လိမ့်မယ်။ ဒါပေမဲ့ မကြာခင် အဆင်ပြေသွားမှာပါ။ စားကြည့်လေ။ နောက်ခါဆို နင် အစပ်စားရတာတောင် ကြိုက်ရင်ကြိုက်သွားဦးမှာ။"

ကုယောင်က တွေဝေနေလေသည်။ သို့သော် ယောင်းမက သူ(မ)အား မလိမ်လောက်ကြောင်း တွေးမိရင်းဖြင့် တုံ့ပြန်လိုက်သည်။ "ဒါဆို… ငါ စားကြည့်မယ်နော်။"
"စားကြည့် စားကြည့်"
ကုယောင်က ပထမဆုံးအကြိမ် စမ်းစားကြည့်ရာ အနည်းငယ်စပ်သည်ကို ခံစားရလေသည်။ သို့သော် ထိုအစပ်အရသာအား သူ(မ) ခံနိုင်ရည်ရှိကြောင်း သိလိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now