အခန်း ၆၀.၁.၂ - ရင်ခုန်ခြင်း (၁)
ကုယောင် မရှိတော့သည့်အခါ မီးဖိုဆောင်က ပို၍တိတ်ဆိတ်သွားဟန်ရှိသည်။
ကုကျန်းသည် စားပွဲပေါ်ရှိ ချက်ပြုတ်ရမည့်အရာများအား ကြည့်လိုက်သည်။ "ဒီနေ့ ငါတို့ ဘာချက်ကြမလဲ။"
"ချဉ်ချဉ်စပ်စပ် အာလူးတောက်တောက်ကြော်ကြမယ်။ ဖွားဖွားက အာလူးတွေပေးလိုက်တာနဲ့လည်း အတော်ပဲပေါ့။ ပြီးတော့ ကျွန်မတို့အိမ်မှာ ငရုတ်ကောင်းလည်း ရှိတယ်။ ရှင် ဒီဟင်းမျိုး မစားဖူးဘူး မဟုတ်လား။"
ကုကျန်းက ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းယမ်းပြလေသည်။ "ငါ မစားဖူးပေမဲ့ ကြားတော့ ကြားဖူးပါတယ်။"
မည်သို့ပင်ဆိုစေ သူက ဤကမ္ဘာကြီးတွင် နှစ်ပေါင်းများစွာကြာအောင် ကျင်လည်ခဲ့ရသည်ပင်ဖြစ်ရာ အရာတော်တော်များအား မြင်တွေ့ဖူးလေသည်။ ထို့ကြောင့် အာလူးချဉ်စပ် တောက်တောက်ကြော်ကို ကြားသိဖူးသည်မှာ သဘာဝကျပေသည်။
"ဒါဆို ဒီနေ့ ဒီဟင်းချက်ကြစို့။ ရှင် အာလူးတွေကို လှီးလိုက်နော်။"
"ကောင်းပြီ။"
ကုကျန်းသည် မည်သို့မည်ပုံ ချက်ပြုတ်ရမည်ကို မကျွမ်းကျင်သော်လည်း သူ၏ဓားကိုင်စွမ်းရည်က မဆိုးလှပေ။ အာလူးများမှာ အမြှောင်းကလေးများအဖြစ် ဖြတ်တောက်ခံလိုက်ရပြီး အချောင်းကလေးများအဖြစ် ဒေါင်လိုက်ဖြတ်တောက်လိုက်သည်။
ခဏအကြာတွင် အာလူးများ လှီးဖြတ်လို့ပြီးသွားသည့်အခါ ရေထဲတွင် တစ်ခဏမျှ စိမ်ထားခိုင်းလိုက်သည်။
ပမာဏပိုများရန်အတွက် မုန်လာဥနီများကိုလည်း လှီးဖြတ်လျက်ထည့်စေသည်။ ထိုသို့ဆိုလျှင် ဟင်းလျာက အရောင်အဆင်းလည်း လှပပြီး အရသာလည်း ရှိပေသည်။
ထို့နောက် ဖွားဖွားကျောက်အိမ်မှ ပြန်ယူလာကြသော တောဝက်သားအား ခုတ်ဖြတ်ကာ အနေတော် အတုံးသေးသေးလေးများအဖြစ် တုံးစေသည်။ ကြက်သွန်ဖြူဥ နှစ်ဥလောက်အား အခွံနွှာလျက် အပိုင်းအသေးလေးများအဖြစ် စိတ်လိုက်သည်။
သူတို့ပြန်ကြသည့်အချိန်တွင် အန်တီကလည်း စိတ်မကောင်းဖြစ်သည့်အတွက် ယမန်နေ့က ဝေစုရရှိထားသည့်အထဲမှ တောဝက်သားအား သူတို့အတွက် ပေးခဲ့သေးသည်။
![](https://img.wattpad.com/cover/371795554-288-k367696.jpg)
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...