အခန်း ၄၆.၂ - သွန်သင်ဆုံးမ
လီတနီတို့ ဇနီးမောင်နှံ၏ ချင်လင်လင်အပေါ် ဆက်ဆံပုံအကြောင်း ကြားသိကြရသည့်အတွက် သူတို့တွေသည် ချင်လင်လင်အပေါ် ပို၍ပင် သနားကရုဏာတက်မိကြသေးသည်။
သူတို့သည် ချင်လင်လင်က ကုယောင်အား သူတို့မိသားစုအတွင်း ထည့်သွင်းရန် စီစဉ်နေကြောင်းအားလည်း ကြားသိကြသောအခါ သဘောတူကြကြောင်း အချင်းချင်းပြောဆိုကြလေသည်။ ကုယောင်ကဲ့သို့ မိန်းမကောင်းကလေးသည် သူ(မ)မိဘများနှင့် အတူလိုက်နေရမည်ဆိုလျှင် သူ(မ)က သေချာပေါက် နှိပ်စက် အနိုင်ကျင့်ခံရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုကြပြီး သို့ဖြစ်ပါ၍ ကုယောင်က သူ(မ)ယောင်းမနှင့်အတူ သေချာပေါက် လိုက်နေသင့်သည် ဟူ၏။
ချင်လင်လင်ထံမှဖြစ်စေ ကုကျန်းထံမှဖြစ်စေ အကူအညီရရှိဖူးသည့်အချို့သောသူများက သူတို့အိမ်မှ ပစ္စည်းအနည်းအများအလိုက် ချင်လင်လင်အတွက် ပေးပို့လေ့ရှိကြသည်။ ပဲပိစပ်လက်တစ်ဆုပ်စာဖြစ်စေ၊ အခြားပဲမျိုး တစ်ဇွန်းစာဖြစ်စေ ပေးကြလေသည်။ ကုတရွှမ်းတို့ ဇနီးမောင်နှံက သူတို့ချွေးမအား ကောင်းကောင်းမဆက်ဆံချင်မှတော့ မည်သို့ပင်ဖြစ်စေ သူတို့က ကုကျန်းကြီးပြင်းလာသည်ကို ငယ်ရာမှအရွယ်ရောက်သည်အထိ မြင်တွေ့ခဲ့ရသူများဖြစ်သည့်အလျောက် သူက ကောင်းမွန်သော လူငယ်လေးတစ်ယောက်ဖြစ်ကြောင်း သိကြပြီး ယခုအခါ သူလည်း အိမ်မှာ မရှိနိုင်သည့်အတွက် သူ့ဇနီးကို ကူညီရန် တစ်ယောက်ပြီးတစ်ယောက် လာကြလေသည်။
ချင်လင်လင်သည် နှစ်ရက်ဆက်တိုက်ပင် အိမ်နီးချင်းရွာသူရွာသားများထံမှ ပစ္စည်းများ အများအပြားအား လက်ဆောင်အဖြစ်ရရှိလေသည်။ ပစ္စည်းအများအပြားအား ငြင်းပယ်ခဲ့ပါသော်လည်း အချို့သော ဦးလေးနှင့် အန်တီများက အလွန်အမင်း ပေးလိုနေကြပြီး နောက်ဆုံးတွင်တော့ ချင်လင်လင်မှာ သူတို့အား ကျေးဇူးတင်ကြောင်းသာ ပြောဆိုနိုင်လေတော့သည်။
ဆန့်ကျင့်ဘက်အားဖြင့် တစ်ဖက်အိမ်ရှိ ကုတရွှမ်းနှင့် လီတနီတို့သည် ဤနှစ်ရက်အတွင်း စကားများ ရန်ဖြစ်ကြလေတော့သည်။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...