အခန်း ၅၅.၂ - ရှက်ရွံ့ခြင်း
အမှန်တကယ်တွင် မူလကိုယ်ချင်လင်လင်၏ မိသားစုအခြေအနေက အလွန်အမင်း ဆိုးဝါးလှသည်မျိုးတော့ မဟုတ်ပေ။ သူ(မ)တို့မိသားစုက အင်မတန် ချမ်းသာသည်တော့ မဟုတ်ပါသော်လည်း ကျေးလက်ဒေသရှိလူများ ဝတ်ဆင်လေ့ရှိကြသည့် အဝတ်အစားမျိုးထက်တော့ သာလွန်ကောင်းမွန်ပေသည်။ အရေးအကြီးဆုံးအချက်မှာ မူလကိုယ်သည် သူ(မ)ကဲ့သို့ အချုပ်အလုပ်စွမ်းရည်မျိုး လုံးဝ လုံးဝ ရှိမနေပါပေ။ အဝတ်အစားများအား ကိုယ်တိုင်ချုပ်လုပ် ဝတ်ဆင်မည်ဆိုလျှင် ချုပ်ပြီးသား အသင့်ဝတ် အထည်များ ဝယ်ရသည်ထက် ပိုမိုဈေးသက်သာပေသည်။
သို့သော် သူ(မ)၏ စိတ်သက်သာရာရသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သံကိုပင် နားပါးသော ကုကျန်းက ကြားလိုက်မည်ဟု သူ(မ) မည်သို့ ထင်ထားပါမည်နည်း။ သို့သော် ကုကျန်းက သူ၏မျက်နှာပေါ်တွင် မည်သို့သော အမူအရာမှ မပြဘဲ တိတ်တဆိတ်ဖြင့်သာ သူ(မ)အား ကူညီလုပ်ကိုင်ပေးလေ၏။
ဆောင်းရာသီဝတ် ဘောင်းဘီများနှင့် အဝတ်အထည်များမှာ ချုပ်လုပ်ဖို့ရန် သိပ်မလွယ်ကူလှဘဲ အနည်းငယ် ထူထဲလွန်းလှသည်။ ချင်လင်လင်က ပထမဆုံးချုပ်ရိုးလိုင်းတွင် နည်းလမ်းကို ထည့်သွင်းမစဉ်းစားဘဲ သာမန်သာလုပ်လိုက်ပြီး ချုပ်လိုင်းများအားလုံးအား ဆက်သွယ်ထားလိုက်ကာ နောက်မှ ဒုတိယမြောက်ချုပ်ရိုးလိုင်း အကူထပ်ထည့်ပေးလေသည်။
ထိုဘောင်းဘီများမှာ သူ(မ)ကိုယ်တိုင်အတွက် ဖြစ်ပေသည်။ ကုကျန်း အိမ်မှာမရှိသည့်အချိန်က သူ(မ)က ကုယောင်အတွက်လည်း ခန္ဓာကိုယ်နှင့် တိကျကိုက်ညီသည့် တစ်စုံ ချုပ်ပေးခဲ့ဖူးသည်။
သူ(မ)ဘောင်းဘီအား ချုပ်ပြီးသည့်နောက် လည်ပင်းအား ပွတ်သပ်လိုက်သည်။ ထိုနေရာက အနည်းငယ် နာကျင်ကိုက်ခဲနေလေသည်။
ကုကျန်းက သူ(မ) အဝတ်အထည်များစွာအား ဖာထေးခြင်း၊ အသစ်ချုပ်ခြင်းများပြုနေသည်ကို ကြည့်နေသည်ဖြစ်ရာ ချင်လင်လင်အား တိုက်တွန်းလိုက်သည်။ "မင်း ပင်ပန်းနေပြီဆိုရင် အရင်ဆုံး အနားယူလိုက်တော့လေ။"

YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...