Chapter 59.1.1

369 48 0
                                    

အခန်း ၅၉.၁.၁ - ပထမဆုံးအကြိမ် (၁)

ကုကျန်းဆိုလိုသည့် လေ့ကျင့်ခန်းဆိုသည်မှာ အင်မတန် ရိုးရှင်းသောအရာဖြစ်ပါကြောင်း ချင်လင်လင်သိပါ၏။ ပြေးခြင်း၊ ထိုင်ထလုပ်ခြင်း၊ ဒိုက်ထိုးခြင်းနှင့် လက်ဝှေ့ထိုးခြင်းကဲ့သို့သော လေ့ကျင့်ခန်းစစ်စစ်များကို ရည်ရွယ်ခြင်း ဖြစ်ပေသည်။ သူဆိုလိုသည့်အရာမှာ အခြားသော အဓိပ္ပာယ် သက်ရောက်ပါသည့် လေ့ကျင့်ခန်းမျိုးများ မဟုတ်ကြပေ။

သို့သော် ချင်လင်လင်မှာ သူ့စကားအား ကြားလိုက်ရသောအခါ မရိုးမဖြောင့် ခံစားလိုက်ရသေးသည်ပင်။

တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးသည့်နောက် ပြောလိုက်သည်။ "ညဘက်ကြီး လေ့ကျင့်ခန်းလုပ်ရတာက အဆင်မပြေဘူး မဟုတ်လား။"

"တခြားသူတွေကို အနှောင့်အယှက်မဖြစ်ရင် အဆင်ပြေပါတယ်။"

ကုကျန်းက လေ့ကျင့်ခန်းထလုပ်တော့မည့်အတိုင်း ပြောလေသည်။ စောင်ကို ဖယ်လိုက်ပြီး ထလိုက်ကာ ဖိနပ်စီးလျက် ပြောလေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် အိပ်မပျော်မှတော့ လေ့ကျင့်ခန်းလုပ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်က ပင်ပန်းသွားပြီး လွယ်လွယ်ကူကူ အိပ်ပျော်နိုင်သွားလိမ့်မယ်။"

ချင်လင်လင်မှာ သူ့အား ကြည့်လိုက်ရင်းဖြင့် နောက်ဆုံးတွင် အလိုအလျောက် အိပ်ရာမှ ထလာမိသည်။

ရှည်လျားသော ညတာက အင်မတန်ကြာညောင်းလို့နေပြီး သူ(မ)က အိပ်ရာအတွင်း အိပ်မပျော်နိုင်ဖြစ်နေရသည်မှာ အင်မတန် ဝမ်းနည်းဖွယ်ကောင်းလှသည်။ စိတ်ရင်းမှန်ဖြင့် အမှန်တကယ် အိပ်ချင်နေပါသည့်တိုင် အိပ်လို့လုံးဝမပျော်နိုင်ပေ။

"အပြင်ထွက်ပြီး လုပ်ချင်သလား။ အခန်းထဲမှာပဲ လုပ်ကြမလား။" ကုကျန်းက မေးလေ၏။

"အပြင်မထွက်နဲ့တော့။ အခြားသူတွေကို နိုးသွားစေရင် မကောင်းဘူး။"

သူတို့အနေဖြင့် မည်သို့သော လေ့ကျင့်ခန်းမျိုး လုပ်ကြမည်ဆိုသည်ကို မသိနိုင်သေးပေ။ ညပိုင်းကြီးတွင် မည်သို့သော လေ့ကျင့်ခန်းမျိုးအား လုပ်နိုင်ပါမည်နည်း။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now