Chapter 26

1.1K 110 0
                                    

အခန်း ၂၆ - လူသားဖက်လုံးအရုပ်

ချင်လင်လင်သည် ညလယ်တွင် နိုးလာလေပြီး သူ(မ)နိုးလာစဉ်တွင် ကိုယ့်ကိုယ်ကို မူလကမ္ဘာမှ တိုက်ခန်းအတွင်း ရှိနေသည်ဟု ထင်ယောင်ထင်မှားဖြစ်နေလေသည်။ ပုံမှန်အားဖြင့် သူ(မ) ဖက်၍အိပ်တတ်သော လူအရွယ် မင်းသားဖက်လုံးအရုပ်ကြီးလည်း ရှိနေသေးသည်ပင်။

ယနေ့တွင် အလုပ်များလုပ်ခဲ့ရပြီးနောက် အိပ်ရေးဝသည်အထိ မအိပ်စက်ရသေးဟု ခံစားရကာ သူ(မ) အလွန်ပင်ပန်းနေသောအခါ အိပ်စက်သည့်အချိန်၌ အိပ်မက်ဆိုးများ မက်လေ့ရှိပြီး လက်တွေ့မကျဘဲ ကြောက်ရွံ့တုန်လှုပ်စဖွယ်ကောင်းသည့် အိပ်မက်များ မက်နေလေ့သည်။

ထို့အပြင် ယနေ့တွင် သူ(မ)၏ မင်းသားအရုပ်ဖက်လုံးက ပုံမှန်မဟုတ်စွာ မာနေပြီး ထိတွေ့နေရသည်ကလည်း မတူညီကွဲပြားလှသည်။ ထိတွေ့နေကျ နူးနူးညံ့ညံ့အမွေးပွ ခံစားချက်မဟုတ်ဘဲ အနည်းငယ် ဆွဲဆောင်မှုရှိသည့် ထိတွေ့ရသည့် ခံစားချက်များလော...။

သူ(မ)သည် အလိုအလျောက် အရုပ်အား ဆွဲညှစ်လိုက်ပြီး သူ(မ)အနေဖြင့် အိပ်မှုန်စုံမွှားအခြေအနေတွင် ရှိနေသေးပြီး အပြည့်အဝ နိုးမလာသေးပေ။ အိပ်မက်နှင့် လက်တွေ့အခြေအနေအား ကွဲပြားအောင် မစဉ်းစားတတ်သေးချေ။

ထိတွေ့ခံစားရသည်က အမှန်တကယ်ပင် ကွဲပြားခြားနားလှပါ၏။ ချင်လင်လင်သည် အနည်းငယ်ပို၍ နိုးနိုးကြားကြားရှိလာပြီး အရုပ်ဖက်လုံးသည် အဘယ်ကြောင့် မာနေရ၍ပါကြောင်း တိတ်တဆိတ် သိချင်လာမိသည်။ ထို့အပြင် ထိတွေ့ရသည်ကလည်း ထူးခြားနေသေးသည်။

ထိုသို့စဉ်းစားရင်းဖြင့် ညအမှောင်ထုအတွင်း သက်ပြင်းချသံကဲ့သို့ ညည်းသံတစ်ခု ထွက်ပေါ်လာပြီး စိတ်ရှုပ်နေသော ချင်လင်လင်အား အပြည့်အဝနိုးကြားသွားစေ၏။

သူ(မ)သည် ထိုခဏတွင် တုတ်တုတ်မလှုပ်ရဲပေ။ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲနေပြီး အရုပ်အား ဆွဲညှစ်နေသည့် လက်ပင် ချက်ချင်းရပ်တန့်သွားသည်။

သူ(မ) မှတ်ဉာဏ်များက အနည်းငယ်ပို၍ ရှင်းလင်းပြတ်သားလာပြီး သူ(မ) ဖက်ကိုင်ထားသည့် ဖက်လုံးဆိုသည့်အရာနှင့်ပတ်သက်၍ သူ(မ)မှတ်ဉာဏ်များက ပေါင်းစည်းလာလေသည်။ ချင်လင်လင်သည် ပို၍ပင်  နိုးကြားအသိစိတ်ကပ်လာကာ အရာအားလုံးအား ကောင်းစွာအမှတ်ရလာပြီးနောက် မျက်လုံးများပင် ကျယ်၍ကျယ်၍ လာပါတော့သည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now