Chapter 52

410 57 0
                                    

အခန်း ၅၂ - ပုရိသနတ်ဘုရား

ချင်လင်လင်၏ မေးခွန်းက ပေါ့ပျက်ပျက်ဟန်ရှိပြီး ထိုအကြောင်းအရာက ကုကျန်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာဖြစ်သည့်အတွက် မေးပြီးသည့်နောက်တွင် နောင်တရသွားသည်။ မည်သို့ပင်ဆိုစေ ဤသည်က ကုကျန်း၏ သီးသန့်ကိစ္စရပ်သာ ဖြစ်ချေသည်။ သူ(မ)နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ထိုအကြောင်းအရာနှင့် သူ(မ)က အနည်းငယ်မျှပင် သက်ဆိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်ငြား တွေးကြည့်မည်ဆိုလျှင်ဖြင့် မည်သို့ပင်ဖြစ်စေ ထိုအကြောင်းအရာမျိုးကို သူငယ်ချင်းများအကြားက သာမန်ကိစ္စရပ်ကဲ့သို့ သဘောထားလိုက်မည်ဟု ဆိုပြန်လျှင်လည်း နှစ်အနည်းငယ်ကြာသည်အထိတော့ သူ(မ)က ကုကျန်းနှင့် အတူနေရဦးမည်ဖြစ်သည်။

ကုကျန်းသည် မှင်သက်အံ့ဩသွားပြီး သူ့မျက်ဝန်းများက အရောင်လက်သွားကာ ပြန်မေးလေသည်။ "မင်းဘာလို့ မေးတာလဲ။"

"နည်းနည်း သိချင်မိလို့ပါ။" ချင်လင်လင်သည် မေးကို မော့ထားပြီး "ဘယ်လိုပဲဖြစ်ဖြစ် ရှင်လည်း ငယ်တော့တဲ့အရွယ်မှ မဟုတ်တာ။ ရှင်က အတော်လေး အသက်ကြီးနေပြီလေ။ တကယ်လို့ ရှင်သဘောကျတဲ့သူ တစ်ယောက်ယောက် ရှိနေတယ်ဆိုရင်တောင် အံ့ဩစရာတော့ မဟုတ်ပါဘူး။ ကျွန်မတို့နှစ်ယောက် လက်ထပ်လိုက်တုန်းက နည်းနည်း အလျင်စလို ဖြစ်သွားခဲ့ကြတယ်။ ကျွန်မက မြို့ကိုပြန်သွားပြီး မိသားစုရဲ့ အနိုင်ကျင့်နှိပ်စက်ခံရမဲ့သူ မဖြစ်ချင်ခဲ့ဘူး။ ရှင်ကရော ဘာလို့လဲ။"

မူရင်းဇာတ်ကြောင်းတွင် သူတို့၏ လက်ထပ်လိုက်ရသည့် နဂိုအကြောင်းအရင်းမှာ မတော်တဆသာဖြစ်ချေသည်။ စာရေးသူက နောက်ပိုင်းဇာတ်ကြောင်းများအတွက် လမ်းကြောင်းဖောက်ပေးရန် အမှုမဲ့အမှတ်မဲ့လက်ထပ်ပွဲတစ်ခုကို သာမန်ကာလျှံကာ ရေးသားပေးခဲ့ဟန်တူသည်။ လက်ထပ်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ မူလချင်လင်လင်အား မြို့ပြသို့ မပြန်နိုင်စေရန် ဖြစ်ပေလိမ့်မည်။ သို့မှသာ အနိုင်ကျင့်နှိပ်စက်ခံရပြီးသည့်နောက် ယုတ်မာကောက်ကျစ်သွားရန် အကျိုးအကြောင်းသင့်သွားမည်ဖြစ်ပေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now