အခန်း ၉ - ကုကျန်း
ချင်လင်လင်ကို တားဆီးလိုက်သူသည် အနည်းငယ်အသက်ကြီးသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပညာတတ်လူငယ်များ အလုပ်လုပ်နေကြသည့် ငှက်ပျောတောရှိရာဘက်ဆီ လက်ညွှန်ပြလျက် သူ့အား တစ်ယောက်ယောက်က လိုက်ရှာနေကြောင်း ပြောလေသည်။"ကျွန်မကို ဘယ်သူက ရှာနေတာလဲ။"
ထိုသူက ခေါင်းယမ်းပြလေသည်။ "သူပြောတာက သူက ဒါရိုက်တာတဲ့"
"ဒါရိုက်တာလား" ချင်လင်လင်က စကားအနည်းငယ်ကို ထပ်မမေးဘဲ မနေနိုင်တော့ပေ။ "အဲဒီဒါရိုက်တာက ဘယ်လိုပုံစံမျိုးရှိလဲ။ ဘာအကြောင်းလဲဆိုတာ သူက ပြောသေးလား။"
"ကျွန်မ ဘယ်လိုသိပါ့မလဲ" အမျိုးသမီးက စိတ်မရှည်ဖြစ်လာသည်။ "ကျွန်မက စကားလာပါးပေးရုံပဲ။ ဘာပဲဖြစ်ဖြစ် နင်သွားလိုက်ရင် သိလာမှာပဲကို မေးခွန်းတွေ လာမေးနေသေးတယ်။ နင့်ကို လာမပြောပေးဘူးဆိုပြီး နောက်မှ အပြစ်လာမတင်နဲ့နော်။"
ချင်လင်လင်သည် ဤလယ်ယာလုပ်ငန်းခွင်နှင့် မရင်းနှီးပါချေ။ ထိုအမျိုးသမီးပြောပုံအရဆို ကိစ္စကအရေးကြီးပုံရကာ ငှက်ပျောတောက သိပ်မဝေးပါ။ မည်သည့်ဒါရိုက်တာကများ သူ့အား တွေ့ချင်နေသည်ကို စိုးရိမ်မိသွား၏။ မည်သို့ပင်ဆိုစေ ငှက်ပျောတောတွင် အလုပ်လုပ်နေကြသည့်လူများလည်း ရှိသေးသည်ပင်။ မည်သူက သူ့အား ရှာနေသည်ကို မသိနိုင်ပါပေ။
သို့သော် ချင်လင်လင် ငှက်ပျောတောသို့ရောက်သောအခါ လီကျန်းယဲ့တစ်ယောက်အား တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
သူသည် လီကျင်းယဲ့က ငှက်ပျောတောအတွင်း၌ ငှက်ပျောရွက်များခင်းကာ ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ တံစဉ်းငယ်လေးတစ်ခုက ဘေးတွင်ရှိနေပြီး သူက ဆေးလိပ်သောက်လျက်ရှိချေသည်။
လူရိပ်လူခြေကြားသောအခါ လီကျန်းယဲ့က ခေါင်းလှည့်၍ကြည့်လာသည်။ ဆေးလိပ်မှ အငွေ့များက တထောင်းထောင်းထလျက်ရှိကာ လမ်းလျှောက်လာသော ချင်လင်လင်အား လှမ်းကြည့်လိုက်လေသည်။
"ရဲဘော်ချင်လင်လင် ငါ ဒီမှာ" စကား၏ နောက်ဆုံးအဆုံးသတ်ပြောသည့် လေသံမှာ သံရှည်ဆွဲလျက် လှောင်ထေ့ဟန် အပြည့်နှင့်ဖြစ်၏။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...