အခန်း ၃၁ - အပြစ်ရှိစိတ်
ကျန်းဟွေရှန်းသည် လီကျန်းယဲ့၏ပြစ်မှုကိစ္စအတွက် ငြင်းခုန်ပြောဆိုရန် ထွက်လာသောအခါ ချင်လင်လင်သည် ဖုရှောင်ယွဲ့နှင့် အခြားသော ပညာတတ်အမျိုးသမီးငယ်တစ်စုတို့ သူ(မ)၏ စက်ဘီးအား စီးနေကြသည်ကို ကြည့်ရှုနေလျက်ရှိပေသည်။
ဖုရှောင်ယွဲ့၏အိမ်တွင် စက်ဘီးရှိသည်ဖြစ်သော်လည်း သူ(မ)သည် လယ်လုပ်ငန်းခွင်သို့ ရောက်လာခဲ့ရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကာ စက်ဘီးအား ကောင်းကောင်းစီးခွင့်ရသည်မှာ ဤနှစ်များအတွင်း ဤတစ်ကြိမ်သာ ပထမဆုံးဖြစ်ပေသည်။ သို့သော် သူ(မ)သည် သူတစ်ပါး၏စက်ဘီးအား ကြမ်းကြမ်းတမ်းတမ်း လက်လွတ်စပယ် မစီးပေ။ နောက်ခုံတွင်လူပိုတင်ကာ လူတိုင်းသည် ပျော်ရွှင်စွာ ကစားနေကြလေသည်။
ချင်လင်လင်သည် သူတို့အား စိတ်ရှိတိုင်း ဆော့ကစားကာ စက်ဘီးစီးခွင့်ပေးထားလေသည်။ မည်သို့ပင်ဆိုစေ ထိုသို့ စီးကြသည်က သူ(မ)စက်ဘီးအား တစ်စုံတစ်ရာထိခိုက်မှု မဖြစ်စေနိုင်ပေ။ သို့သော်လည်း သူ(မ) မထင်ထားသည်က ကျန်းဟွေရှန်းသည် စိတ်ညစ်ညူးဖွယ်ရာ အမူအရာတစ်ရပ်ဖြင့် သူ(မ)ထံသို့ ကမူးရှူးထိုးလာနေခြင်းပင်။
ကံကောင်းစွာဖြင့် ကျန်းဟွေရှန်းသည် သူ(မ)ထံသို့ အလျင်အမြန် လာနေပါသော်လည်း သူတို့ကြားတွင် အကွာအဝေးတစ်ရပ်ရှိနေသေးကာ ချင်လင်လင်သည် ဒုက္ခရောက်တော့မည်ဟူသော အန္တရာယ်၏အငွေ့အသက်အား အာရုံခံမိနေပြီး အလိုအလျောက် ခြေလှမ်းပင် နောက်ဆုတ်မိလိုက်သည်။
"ချင်လင်လင်... အစေခံမ... နင်..." ကျန်းဟွေရှန်းသည် သူ(မ)၏လက်ကို မြောက်ကာ ချင်လင်လင်အား တိုက်ရိုက်ပင် ရိုက်ချလိုက်ရာ သူ(မ)ထံသို့ တိုက်ရိုက်ဦးတည်ထားသော လက်ဖဝါးနှင့်တိုက်မိပြီး လေကိုသာ ရိုက်မိလေသည်။ သူ(မ)လက်အား တားဆီးထားသော ချင်လင်လင်၏လက်သည် သန်မာလွန်းလှကာ လုံးဝရုန်းမထွက်နိုင်ပေ။ အားပြင်းလွန်းလှ၍ နောက်ဘက်သို့ပင် ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားရလေသည်။
ချင်လင်လင်သည် သူ(မ)ကိုယ်တိုင်၏ လျင်မြန်မှုအတွက် အတော်ပင်ဝမ်းမြောက်မိသွားရသည်။ မဟုတ်ပါလျှင် ကျန်းဟွေရှန်း၏ ရိုက်ချက်သည် မည်သည့်နည်းနှင့်မှ ဟာသတစ်ရပ်ဖြစ်လိမ့်မည်မဟုတ်ပေ။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...