Chapter 6

1.7K 158 1
                                    

အခန်း ၆ - သတိပေးခြိမ်းခြောက်ခြင်း

အလုပ်ပြန်သွားရမည့်အချိန်ရောက်သောအခါ ကျန်းဟွေရှန်းက ရှားရှားပါးပါး အရင်ထွက်သွားပြီးလျှင် လင်းချီချီက အခြားသူများနှင့်အတူသွား၏။

ယခုကာလသည် ဆောင်းဦးလယ်ယာစိုက်ပျိုးချိန်ဖြစ်ကာ တောင်ပိုင်းဒေသများတွင် ရာသီဥတုက အလွန်အမင်း ပူပြင်းနေပါ၏။ ပညာတတ်အမျိုးသမီးငယ်တို့သည် လယ်ခင်းများဆီသို့ ရယ်မောပြောဆိုလျက် ထွက်ခွာသွားကြသည်။ ချင်လင်လင်က အသားအရေ နေလောင်မည်ကို စိုးရိမ်မိသည်ဖြစ်၍ အပေါ်ဝတ်လက်ရှည်အပိုတစ်ထည် ထပ်ဝတ်သွားသည်။

ဖုရှောင်ယွဲ့သည် ချင်လင်လင်က အင်္ကျီအပိုထပ်ဝတ်ထားသည်ကိုမြင်တွေ့ရာ သိလိုစွာဖြင့် မေးမြန်းလေသည်။ "ဘာလို့အများကြီး ဝတ်ထားတာလဲ။ အေးမှာစိုးလို့လား။"

"မဟုတ်ပါဘူး။ နေလောင်မှာစိုးလို့ပါ။" ဤကဲ့သို့သောအရာမျိုးဆိုသည်က ဟာသလုပ်နေ၍မရပေ။ ယခုကာလတွင် အသားအရေကို ဂရုမစိုက်မိခဲ့ပါက နေလောင်သွားသော အသားအရေကို နောင်တွင် ပြုပြင်ထိန်းသိမ်း၍ မရနိုင်တော့ပြီ။

"ဟမ်...." အသားအရေထိန်းသိမ်းမှုကို ဂရုစိုက်မှုအနည်းဆုံးဖြစ်သော ချင်လင်လင်က ဤသို့ဂရုစိုက်လိမ့်မည်ဟု ဖုရှောင်ယွဲ့က မမျှော်လင့်ထားမိပေ။ "နင် မပူဘူးလား။"

"သိပ်မဆိုးဝါးပါဘူး။"

နှစ်ထပ်ဝတ်ထားရသည်က ပူအိုက်လှသော်လည်း အလှအပအတွက်ဆိုလျှင်တော့ သူ သည်းခံနိုင်ပါ၏။

မူလကိုယ်သည် အလုပ်လုပ်ရာတွင် ဖျတ်လတ်တက်ကြွသူဖြစ်ကာ အခြားသူများ၏ အလုပ်များကိုပါ လုပ်ပေးရန် မကြာခဏအနိုင်ကျင့်ခံရလေ့ရှိသည်။ ထို့ကြောင့် သူတို့အားလုံးအနက်တွင် မူလကိုယ်ဟာ အသားအရည် အညိုဆုံးတစ်ယောက်ဖြစ်လေသည်။ ကံကောင်းစွာဖြင့် မူလကိုယ်က ငယ်ရွယ်နုပျိုသေးကာ နဂိုအရင်းခံ အသားအရေကလည်း ကောင်းမွန်သူဖြစ်လေသောကြောင့် သေချာစွာ ဂရုစိုက်မည်ဆိုပါက ပြန်လည်ကောင်းမွန်လာနိုင်မည်ဖြစ်သည်။

ပညာတတ်အမျိုးသမီးငယ်တို့သည် အပင်စိုက်ခြင်းနှင့် ပျိုးကြဲခြင်းတို့ကို တာဝန်ယူလုပ်ကိုင်ရပြီး ပညာတတ်အမျိုးသားငယ်တို့က ရိတ်သိမ်းခြင်းနှင့် အသီးအနှံများ ကောက်ယူခြင်းတို့ကို တာဝန်ယူလုပ်ကိုင်ရသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now