Chapter 56.1

369 52 0
                                    

အခန်း ၅၆.၁ - ကလေးယူခြင်း

အပြင်ဘက်မှ ဝင်လာကြသူများမှာ ကုကျန်း၏ ဦးလေးဖြစ်သူ ကျောက်ကျန်းယုံနှင့် ဝမ်းကွဲညီအစ်ကိုဖြစ်သူ ကျောက်ဝမ်ရှန်းတို့ဖြစ်ကြပေသည်။

လီယွီက သူတို့၏အသံများအား ကြားသောအခါ ပြုံးလျက်ပြောလေသည်။ "မင်းဦးလေးတို့ ပြန်ရောက်လာကြပြီ။"

သူပြောနေစဉ်မှာပင် ထိုလူများက ခြံဝင်းအတွင်းသို့ ရောက်လာကြပြီဖြစ်သည်။

ကုကျန်းအား မြင်တွေ့လိုက်ရသောအခါ ကျောက်ကျန်းယုံနှင့် သူ့သားတို့က အံ့အားသင့်သွားကြသည်။

"ရှန်းကျီ ဒီကိုရောက်နေတာပဲ။"

ဝမ်းကွဲညီအစ်ကိုဖြစ်သူ ကျောက်ဝမ်ရှန်းက ရှေ့တိုးလာလျက် ပျော်ရွှင်စွာဖြင့် အံ့ဩဘနန်းဖြစ်နေ၏။ "ဒီဝမ်းကွဲညီအစ်ကိုရဲ့ ညီနောင်ပေါင်းဖော်က နောက်ဆုံးတော့ ပြန်ရောက်လာပြီကွ။ အဖွားက မင်းကို အချိန်အကြာကြီး သတိရနေခဲ့တာ။"

ကုကျန်းသည်လည်း ရှေ့တိုးသွားလိုက်ပြီး တုံ့ပြန်ပြောဆိုလိုက်သည်။ "အင်း။ ဒီနေ့ လင်လင်ကိုရော၊ ယောင်ယောင်ကိုရော ခေါ်ပြီး လာတွေ့တာလေ။"

"အင်း ကောင်းတယ် ကောင်းတယ်။ အခု ငါတို့လည်း ရောက်ပြီဆိုတော့ အိမ်ထဲဝင်လာပြီး ဦးလေးနဲ့အတူ သောက်ကြရအောင်ဟေ့။"

"ဟုတ်ကဲ့ပါ။" တူဝရီးနှစ်ယောက်က ရှေ့ကအတူထွက်သွားကြလေပြီး ဝမ်းကွဲညီအစ်ကိုနှင့် အန်တီတို့က နောက်ကလိုက်လာကြလေသည်။

အိမ်အတွင်းရှိ မိသားစုမှ ဖွားဖွားကျောက်သည် ချင်လင်လင်အား အနီးကပ် သေချာ လေ့လာစူးစမ်း နေလေသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ ချွေးမအသစ်ကလေးမှ သူတို့မိသားစုဆွေမျိုးအိမ်သို့ ပထမဆုံး လာရောက်ခြင်းဖြစ်ပေရာ ဖွားဖွားကျောက်အတွက် ထူးဆန်းစိမ်းသက်နေသေး၏။

ဖွားဖွားကျောက်က သူ(မ)၏ မြေးအကြီးဖြစ်သော ကုကျန်းအား အစဉ်အမြဲ နှစ်သက်သဘောကျခဲ့သည်။ သို့ဖြစ်ပါ၍ ကုကျန်း၏ ဇနီးနှင့်ပတ်သက်လျက် သူ(မ)က အတော်ကလေး သိလိုစိတ်များနေခဲ့သည်။

သူ(မ)က ကုကျန်း၏ လက်ထပ်ထိမ်းမြားမှုအကြောင်းအား ကြားသိခဲ့ရပြီးပြီဖြစ်သည်။ ထို့အပြင် သူက စစ်သားတစ်ယောက်ဖြစ်နေသေးသည်။ ထိုလက်ထပ်ထိမ်းမြားမှုနှင့်ပတ်သက်၍ မည်သည့်ပွဲလမ်းသဘင်မှ လုပ်ဆောင်ခြင်းမရှိဘဲ လက်ထပ်မှတ်ပုံတင် စာချုပ်သာ လုပ်ခဲ့ကြသည်။ ထို့နောက် ကုကျန်းက လက်ထပ်ပြီးသောအခါ တပ်ရင်းအတွင်းသို့ပင် ပြန်သွားခဲ့သေးကာ ပြီးမှ ပြန်ရောက်လာခဲ့သည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now