Chapter 50.1

486 72 0
                                    

အခန်း (၅၀.၁) - ဖက်ထုပ်ပြုလုပ်ခြင်း

"အိပ်ကြရအောင်။" ပထမဆုံး ပြောလိုက်သူမှာ ကုကျန်းဖြစ်သည်။ သူသည် ချင်လင်လင်က မလှုပ်မယှက်ဖြစ်နေသည်ကို မြင်တွေ့သောအခါ သူကိုယ်တိုင်လည်း အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်နေ၏။

ပြောရမည်ဆိုလျှင်ဖြင့် သူတို့၏ အိမ်ထောင်ရေးသည်လည်း အလျင်စလိုပြုလုပ်ခဲ့ရသော အကျိုးတူပူးပေါင်းသည့် လက်ထပ်ထိမ်းမြားမှုသာဖြစ်ပေသည်။ ထို့ကြောင့် ကုကျန်းသည်လည်း အချိန်တိုင်းတွင် ကိုးရိုးကားရား ရုန်းကန်နေရသည်များ ရှိနေပေသည်။ သို့သော်လည်း ချင်လင်လင်က သူကိုယ်တိုင်ထက်ပင် ရှက်ရွံ့စိုးရိမ်နေသည်ကို တွေ့ရသောအခါ ရယ်ဖွယ်ကောင်းလှသည်ဟု မနေနိုင်စွာ တွေးတောမိလိုက်သေးသည်။

"ဪ...ဪ..." ချင်လင်လင်က နှစ်ကြိမ်မျှ တုံ့ပြန်လိုက်သည်။ ကုတင်ပေါ်တွင် စောင်တစ်ထည်တည်းသာရှိသည်ကို မြင်သောအခါ အလျင်အမြန် ပြောလိုက်သည်။ "စောင်နောက်ထပ်တစ်ထည်ရှိသေးတယ်။ ကျွန်မ ထုတ်လိုက်ပါ့မယ်။"

ချင်လင်လင်သည် ပုံမှန်အားဖြင့် ကုယောင်နှင့်အတူ စောင်တစ်ထည်တည်း အတူခြုံလေ့ရှိသည်။ ထိုသို့အားဖြင့် ပို၍ နွေးနွေးထွေးထွေးရှိလေသည်။ သို့သော် ကုကျန်းဆိုလျှင်ဖြင့် စောင်နောက်တစ်ထည်ထုတ်ပြီး တစ်ယောက်လျှင် တစ်ထည်စီဖြင့် ကိုယ်စီခြုံနိုင်ပေသည်။

ချင်လင်လင်သည် စောင်တစ်ထည်နှင့်အတူ ရိုးသားဖြူစင်စွာဖြင့် ကုကျန်းအား ကြည့်လိုက်သည်။ သူ(မ)အနေဖြင့် 'စောင်အတူခြုံပြီး အိပ်ကြစို့' ဟူ၍ မပြောနိုင်ပါ။

ကုကျန်းသည် သူ(မ)လက်အတွင်းရှိ စောင်အားဆွဲယူလိုက်ရင်းပြောသည်။ "ငါက အရပ်ရှည်တယ်။ နှစ်ယောက်သား စောင်တစ်ထည်တည်းခြုံပြီးအိပ်ရင် မင်း အအေးမိလိမ့်မယ်။ တစ်ယောက်တစ်ထည်စီ ခြုံကြတာပေါ့။"

ကုကျန်းက အိပ်ရာပြင်လိုက်ပြီးနောက် ချင်လင်လင်အတွက် ပိုနွေးသောစောင်ကို ဂရုတစိုက်ရွေးချယ်ပေးလေ၏။

နှစ်ဦးသား အိပ်ရာအတွင်း လှဲလျောင်းကာ ရေနံဆီမီးအိမ်အား ငြှိမ်းသတ်ပြီးသည့်နောက် အခန်းတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်မှောင်မိုက်ကာ စိုးရိမ်ဖွယ်အနေအထားဖြစ်သွား၏။ အပြင်ဘက် လေအေးများကသာ တဝူးဝူးမြည်အောင် တိုက်ခတ်နေလေကာ အချိန်တိုင်း ခေါင်မိုးယက်မများအတွင်းမှ အတွင်းခန်းအတွင်းသို့ ဖြတ်သန်းဝင်ရောက်လာကြလျက် အတွင်းရှိလူများအား ချမ်းအေးလာစေလေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now